Part - 50 Final

1.8K 67 2
                                    

ရိပေါ် ရှောင်မားရဲ့ ဖုန်းဆက်လာမှုကြောင့် ချက်ချင်း အထုပ်ပြင်ပြီး ချုံချင်း လာခဲ့လိုက်တယ်။ ကား မယူခဲ့လို့ မားကတောင် ဘာလဲ ယောကျာ်းနောက် အပြီး လိုက်သွားတော့မလို့လား ဆိုပြီး စ တာ ခံခဲ့ရသေးတယ်။

ရှောင်းကျန့် ရှောင်ပါးကို ခေါ်ပြီး ခြံထဲ သွားနေ နေတယ် ဆိုတာကြောင့် ရိပေါ် အမြန်လာခဲ့ရတာ။ နေ့တိုင်းတော့ ဝိုင်တွေချည်း သောက်မနေဘူး မလား ကိုကို။ ကိုကို မူးရင် ချစ်ဖို့ကောင်းတဲ့ အပြုမူလေးတွေက အစ မောင်က သိပ်သဝန်တိုတာ။

အခုလည်း ကားဂိတ်မှာ လူ လာကြိုတာတဲ့ ဝတ်ထားတာက ကလေးပေါက်စ ကျနေတာပဲ။ ကားဂိတ်မှာ ဒီလောက် လူများတာကို ခြေသလုံးဖွေးဖွေး လက်ဖွေးဖွေးတွေက ဖော်ထားသေးတယ်။ ကိုကိုက မောင်နဲ့ နည်းနည်းအနေဝေးသွားတော့ ကြည့်ရတာ အပြစ်ပေးခံချင်နေပြီ ထင်တယ်။

ရိပေါ် ကိုကို ကားပေါ်က ဆင်းကတည်းက တစ်ဖက်လမ်းက စားသောက်ဆိုင်ထဲကနေ ကြည့်နေတာ ကြာပြီ။ ဂိတ်က အမကြီးနဲ့ ဘာတွေ ပြောနေမှန်း မသိ၊ ကြည့်ရတာ ဘဝင်မကျတော့တာမို့ ရိပေါ် ဝယ်ထားတဲ့ ရေသန့်ဘူးကို ယူပြီး ထွက်လာခဲ့လိုက်တယ်။

ရိပေါ် ရောက်တော့ ကိုကိုက အနောက်ကို တစ်ချက်မှ လှည့်မကြည့်ပဲ ဂိတ်က အမကြီးက်ို ဒီနေ့ကားနဲ့ သူ့နာမည် ပါ မပါ ရှာခိုင်းနေတာ ကြားလိုက်တယ်။ ကြည့်ရတာ ကိုကို့မားက လုပ်ချလိုက်ပြန်ပြီ ထင်တယ်။ အာ့ကြောင့် ယောက္ခမကြီးကို ချစ်နေရတာ....

ရိပေါ် ဂိတ်က အမကြီး သူ့ကို ခနစောင့်လို့ လှမ်းပြောတာကို နားလည်ပြီ ဆိုတဲ့ သဘောနဲ့ ခေါင်းပဲ ငြိမ့်ပြလိုက်တယ်။ ကိုကို့ နောက်ပိုင်းအလှ ရှူစားရင်းနဲ့ပေါ့.... ဂလု ... ရိပေါ် ကိုကို မက်မွန်သီးဆီ အာရုံရောက်နေတုန်း .....

'ကျနော့် ယောကျာ်း....'

ဟင် .... ကိုကိုက သူ့ကို ယောကျာ်းအဖြစ် သတ်မှတ်လိုက်ပြီပေါ့..... ရိပေါ် တံတွေးမျိုချလိုက် လျှာသပ်လိုက် ဖြစ်နေတုန်း...

ရှောင်းကျန့် အရစ်ရှည်ပြီး စပ်စုချင်နေတာကြောင့် ဘု ပြောလိုက်ပြီး ခုမှ ပါးစပ်အဟောင်းသားနဲ့ မျက်လုံးပြူးပြီး အောက်မေးရိုး ပြုတ်တော့မယ့် ဂိတ်က အမကြီးကို သနားစိတ်တောင် ဝင်သွားရတယ်။ ကြည့်ရတာ ဒီအမ BL လောကကို မသိသေးဘူးထင်တယ်။ နေအုံး မပြန်ခင် wattpad app ကူးသွားပေးအုံးမယ်။

Is it call love? ( Completed)حيث تعيش القصص. اكتشف الآن