Part - 40

592 29 0
                                    

ရှောင်းကျန့် ရိပေါ်ရဲ့ အခန်းရှေ့ရောက်တော့ လိုက်မဝင်သေးပဲ ရပ်နေလိုက်တယ်။

ရိပေါ် အနောက်က ရှောင်းကျန့် လိုက်လာသေးတယ် အထင်နဲ့ အဝတ်အိတ်ကို ဗီဒိုနားမှာ ဒီတိုင်းထား ထားရင်း ရေချိုးပြီးမှ တဝကြီး အိပ်ဖို့ တွေးလိုက်တယ်။

ရိပေါ်  အဝတ်တွေ ချွတ်ပြီး အောက်ပိုင်း တစ်ဘက် ပတ်ပြီး ရေချိုးဖို့ အဆင်သင့် ဖြစ်ပြီးမှ အိပ်ခန်းထဲမှာ ကျန့်ကော ဝင်မလာသေးမှန်း သိလိုက်တယ်။ ဟာ .... ဒီယုန်ပေါက် ဘယ်ရောက်သွားတာလဲ။

ရှောင်းကျန့် ရိပေါ်ရဲ့အခန့်ရှေ့မှာ အတွေးများနေပါတယ်။ တစ်ခြားခန်းမှာပဲ သွားအိပ်လိုက်ရမလား၊ အဲ့လိုဆိုရင် ရိပေါ်ရဲ့ ကိုယ်ကျင့်တရားကို စော်ကားရာ ကျမလား။ အာ ...... စိတ်တွေ ညစ်ပါတယ်နော်။ ငါမှ အတူမအိပ်ချင်တာလို့....

ရိပေါ် ရှောင်းကျန့်ကို ပြန်ထွက်လာကြည့်တော့ မျက်နှာမဲ့ရွဲ့ပြီး အခန်းရှေ့မှာ ဝင်လည်း မဝင်လာ ထွက်လည်း မသွားပဲ ရပ်နေတာ တွေ့လိုက်တယ်။ ဒီယုန် ဒီလောက်တောင် သူ့ကို မယုံချင်တာ တကယ်ကြီး စားပစ်လိုက်အုံးမယ်။

'ကျန့်ကော ဝင်မလာပဲ ဘာလုပ်နေတာလဲ.... လာတော့လေ။'

ရှောင်းကျန့် ပိုင်စိုးပိုင်နင်း အသံနဲ့ ပြောလာတဲ့ ရိပေါ်ကြောင့် မျက်စောင်းထိုးပြီး ရင်ဘတ်တစ်ခြမ်း ဖြတ်တိုက်ပြီး ဝင်သွားလိုက်တယ်။ နေနှင့်အုံး နောက်မှ ငါ့ကို ကြောက်ပါပြီလို့ အော် လာစေရမယ်။

ရိပေါ် ရှောင်းကျန့် မျက်စောင်းကြောင့် ရေတောင် မချိုးတော့ပဲ အိပ်ပဲ အိပ်လိုက်ရတော့မလား ဆိုပြီး တစ်ခြမ်းစောင်းပြုံးပြီး အခန်းတံခါး အလျင်အမြန်ပိတ်ပြီး လိုက်ဝင်လာတော့တယ်။

ရှောင်းကျန့် သူ့အဝတ်အိတ်ကို ကုတင်ခြေရင်းမှာ အသံမြည်အောင် ဆောင့်ချပစ်လိုက်ပြီး ကုတင်ခြေရင်းမှာပဲ ထိုင်ချလိုက်တယ်။တကယ်တော့ ကိုယ် အဖြဲမခံရရင် အရင် ဖြဲထားတာပါ။

ရိပေါ် ဆောင့်ကြီး အောင့်ကြီးနဲ့ မိုက်ကြေးခွဲပြနေတဲ့ လူမိုက်ကြီး ကြောက်ချင်ယောင်ဆောင် ပေးရမှန်း သိပေမယ့် ရယ်ပဲ ရယ်ချင်လာပါတယ်။ လူမိုက်ကြီးကလည်း နှုတ်ခမ်းကြီးက အရှေ့ကို တစ်တောင်လောက် ထွက်လာပြီး လူကိုတောင် လာမှန်တော့မယ်။

Is it call love? ( Completed)Donde viven las historias. Descúbrelo ahora