Part - 29

732 52 0
                                    

ရှောင်းကျန့် ဒီတစ်ပတ်လုံး အလုပ်မှာ ဘယ်လိုကုန်ဆုံးအောင် နေခဲ့ရလဲဆိုတာ ကိုယ့်ကိုယ်ကိုသာ သိတယ်။ မနက် အလုပ်သွားတယ် အလုပ်ကိုပဲ အာရုံစိုက်တယ်။ ရုံးဆင်းတယ်။တစ်ခြား ဌာနတွေ CEO နဲ့ ဆက်သွယ်ပြီး ပြောစရာ ရှိနေသလောက် ဘာ Complain မှ မတက်ပဲ ငြိမ်နေတာ ဒီဇိုင်းဌာနပဲ ရှိတယ်။ ဒီ ၃ ရက်အတွင်းမှာ ရှောင်းကျန့် ရုံးက ကော်ဖီတောင် ဖျော်မသောက်ဖြစ်ခဲ့ပါ။ CEO ရုံးခန်းရှေ့က မဖြတ်ချင်လို့ပဲ ဖြစ်ပါတယ်။

ဒီနေ့တော့ နောက်ဆုံး ရုံးတက်ရတဲ့နေ့ နောက်နှစ်ရက်လောက်တော့ ကိုယ့်ဘာသာ ကြိုက်တဲ့ ပုံစံနဲ့ ပြိုလဲပစ်လို့ ရပြီ။ ရှောင်းကျန့် အခုဖြစ်နေတဲ့ သူ့ပုံစံကို မြင်နေရတာ သူ့မိဘတွေအစား ရင်နာတယ်။ သူတို့အသက်ပေးချစ်ရတဲ့ သားက ယောကျာ်းတစ်ယောက်ကို အရူးလို ချစ်နေတာသာ သိရင် ဘယ်လောက်တောင် ရင်ထုမနာ ဖြစ်လိုက်မလဲ။ ရှောင်းကျန့် ယောကျာ်းလေးပဲ ကြိုက်တယ် ဆိုတုန်းကတောင် မျိုးဆက်ပြတ်မှာကို စိတ်မပူပဲ ပတ်ဝန်းကျင်က သားကို လက်ညှိုးထိုးမှာကို အရင်စိတ်ပူတဲ့ မိဘရယ်ပါ။ သားကို အပျော်တွေပဲ ပေးချင်လို့ သဘာဝနဲ့ ဆန့်ကျင်ချင်ခဲ့တဲ့ သူ့ကို နှလုံးသားထဲကသာ မျက်ရည်ကျစေပြီး အပြုံးမျက်နှာနဲ့ ထောက်ခံပေးခဲ့တယ်။

ရှောင်းကျန့် အရာအားလုံး နားလည်ပေမယ့် နှလုံးသားက ခေါင်းတွင်တွင်ခါပြီး အခုမှ ချစ်ဖူးတဲ့ ဒီတစ်ယောက်ကို လက်မလွှတ်ချင်တော့တာ ရှောင်းကျန့်လည်း မတတ်နိုင်ဘူး။ ရှောင်းကျန့် အခုမှ ဝဠ်လည်နေပြီ သူ ရည်းစားတစ်ယောက်ကို ပျင်းလာရင် အကြောင်းမရှိ အကြောင်းရှာပြီး အစိမ်းဖြတ် ဖြတ်ခဲ့တာချည်းပဲ။ အခုတော့ သူ ကိုယ်တိုင် ဆယ်ဆလောက် ပြန်ခံနေရပြီ။ အရင် ရည်းစားတွေတောင် သူနဲ့ ရည်းစားဆိုတဲ့ နာမည်ခံ ရှိခဲ့ကြသေးတယ်။ သူကတော့ ရည်းစားတောင် မဖြစ်လိုက်ရပဲ တပ်ပြန်ခေါက်တာ ခံခဲ့ရတာ။

ရှောင်းကျန့် ဒီရက်ပိုင်း ဘယ်မှာနေနေ အတွေးတွေ လွင့်နေတတ်တာမို့ အခုလည်း အလုပ်က ပြန်ရောက်ကတည်းက အတွေးတွေ များနေတာကို ရပ်ပြီး ရေမိုးချိုးဖို့ သတိရတော့တယ်။

Is it call love? ( Completed)Where stories live. Discover now