Part - 19

769 64 0
                                    

ရှောင်းကျန့်  မနေ့ည အရမ်းနောက်ကျနေပြီ မို့ လန်ဟွားတို့အိမ်မှာပဲ အိပ်ပြီး မနက်အစောမှ အဆောင် ပြန်လာလိုက်တယ်။ လူက အိပ်ရေးမဝတာရယ်၊ မနေ့ည အချိုရည်တွေချည်း လှိမ့်သောက်ခဲ့လို့ ချောင်းတွေဆိုးပြီး နေမကောင်းချင်သလိုပါ ဖြစ်လာတယ်။

ခွင့်တိုင်ချင်သော်လည်း အလုပ် ဝင်တာက မကြာသေးဘူး ပြီးတော့ ဒီဇိုင်းကလည်း အလျင်လိုနေတာကြောင့် ဘယ်လိုမှ မဖစ်နိုင်တာမို့ အနွေးထည် ဝတ်ပြီး အနွေးဦးထုပ်နဲ့ ချောင်းကလည်း ဆိုးနေတာကြောင့် mask ပါ ကောက်တပ်လာလိုက်တယ်။

ရှောင်းကျန့် ရုံးကား လာစောင့်နေကြ နေရာရောက်တော့ ကားက ကြိုရောက်နေပြီ။ ဒီနေ့တော့ သူ နောက်ကျနေတာပဲ။

ရှောင်းကျန့် ကိုယ့်ကြောင့် သူများပါ စောင့်နေရတာမို့ ကျိလီကို အားနာကြောင်း ပြောလိုက်တော့ ကားကလည်း ခုမှရောက်တာပါတဲ့။ တော်သေးတာပေါ့ ကိုယ့်အလွန် မဖြစ်တာ။

ရှောင်းကျန့် ကားပေါ်တက်တော့ ထိုင်နေကြ နေရာမှာ mask တပ်မထားတဲ့ ရန်ကျင့်ကို တွေ့လိုက်ရတယ်။

'ဟာ.... အကို ရှောင်းကျန့် ဘယ်လိုဖြစ်တာလဲ နေမကောင်းဘူးလား။ ဒီလောက် အလုံထုပ် လာတာ။'

'အဟွတ် .... အဟွတ် အင်း မနေ့ည အအေးပတ်သွားတာ ထင်တယ်။ နေမကောင်းချင်သလို ဖြစ်နေတာ။'

'ဟာ.... အကိုကလည်း အဲ့ဒါဆို ခွင့်ယူလိုက်ပါလား။ ဒီလောက် ချောင်းတွေလည်း ဆိုးနေတာ။ ဆေးကော သောက်ထားလား။'

'အင်း ခနနေ ရုံးရောက်မှ ဝယ်ပြီး သောက်တော့မယ်။'

ကားပေါ်မှာ တစ်ခြားလူပါ ရှိတာမို့ ရှောင်းကျန့်လည်း ရန်ကျင့်ရဲ့ အရမ်းရင်းနှီးတဲ့ပုံစံနဲ့ စကားဆက်မပြောစေချင်တော့တာမို့ မျက်လုံး မှိတ်ပြီး မှေးနေလိုက်တယ်။

ရန်ကျင့် အစကတော့ ရှောင်းကျန့်ကို ဖန်တူလို့ စကားပြောကြည့်ပေမယ့် တကယ့် တကယ် အပြင်မှာ တွေ့လိုက်တော့ ရှောင်းကျန့်က ချောတာထက် အရမ်းလှနေတယ်။ပြီးတော့ ရယ်လိုက်ရင် ပေါ်လာတဲ့ ယုန်သွားလေးကအစ သိပ်ချစ်ဖို့ ကောင်းနေတာမို့ ရှောင်းကျန့်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

Is it call love? ( Completed)Tempat cerita menjadi hidup. Temukan sekarang