Part - 4

1.2K 90 0
                                    

ရိပေါ် သူ Love Hunter wall ထဲ ဝင်နေတုန်း noti တစ်ခု တက်လာတယ်။

Love Hunter has recently posted. ဆိုပြီးတော့ပေါ့။

ရိပေါ် ထမင်းစားခန်းမှာ ညစ်နေတာတွေ ချက်ချင်းကို ပျောက်သွားတယ်။ သူ တစ်ခါမှ မကြုံသေးဘူးလေ။ Love Hunter ပိုစ့်တင်တဲ့ချိန်တိုင်း သူ တစ်ခါမှ လိုင်းပေါ်တက်တာနဲ့ မကြုံဘူး။ နောက်ဆို မီးစိမ်းလေး ထိုင်ကြည့်ခွင့် ရတော့မှာပါ။( နှေးနေရင် နောက်ရည်းစား ထပ်ရတော့မယ်နော် ) 🤧

Noti တက်လို့ ပျော်နေတဲ့ စိတ်က Love Hunter ရဲ့ ပိုစ့်ကြောင့် ပိုညစ်သွားပြီ။

ပိုစ့်က " တကယ်လို့ ကိုယ် အရင်လို လိုင်း မသုံးဖြစ်တော့ပဲ ပေါ်လိုက် ပျောက်လိုက်ဆို ပျော်ကြမှာလားဟင်" တဲ့။

ဟင် ...... ငေးကြည့်ခွင့်လေးတောင် မပေးချင်တော့ဘူးလား။ ဘာလို့ ပျောက်မှာလည်း ဒီတခါ အသဲကွဲတာ တကယ်ကြီး ထိသွားတာလား။ အဲ့လူကို သိပ်ချစ်သွားလို့လား။ ရိပေါ် မပျော်တော့ပါ အတွေးပေါင်းစုံနဲ့ Sad react လေး နှိပ်မိသွားတယ်။ ဒါကိုလည်း သူ့မှာ ပူပင်ဖို့ မေ့နေတယ်။

ရှောင်းကျန့် သူ့ဖုန်းထဲက တက်လာတဲ့ noti ကို ကြည့်လိုက်တယ်။ " Leo Wang 85 give sad react to your recent post". (Fb မှာ တက်တဲ့ noti ပုံစံ မေ့သွားလို့ ရေးတတ်သလို ရေးလိုက်ပါတယ်။) ရှောင်းကျန့်လည်း ထူးဆန်းသွားတယ် ဘယ်သူမှ သူ တင်တာကို ခံစားပြီး react မပေးဖူးဘူးလေ။

' ဘာလား ဘယ်သူလဲဟ Profile ဝင်ကြည့်မှ သူနဲ့လည်း Fri မဟုတ်မှန်း သိလိုက်တယ်။ ကိုယ့်ကိုယ်တောင် ဘဝင်မြင့်ချင်သွားတယ် Fri မဟုတ်ပဲ သူ့ပိုစ့်တွေကို အရေးတယူ လုပ်လို့။ Add ပေးလိုက်မယ် ကောင်လေးရေ ဒီကကောကော စိတ်ပျော်နေလို့ အခွင့်ထူး ပေးတာနော်။ တော်ရုံ ဘယ်သူ့မှ စ မ add သလို add လာရင်တောင် ရုပ်ရည်ကြည့်သေးတာမို့ မင်းလေး ကံကောင်းတယ်မှတ်။'

noti တက်လာတာမို့ ရိပေါ် သူ ကြည့်လိုက်တော့ ခနတောင် မှင်သက်သွားတယ်။ အခု သူ့crush က သူ့ကို add လာတာလား။ အရင်ကတည်းက သိနေလို့လား။(အဖေရယ် သူပဲ သူများပိုစ့်ကို react သွားပေးပြီးတော့)တစ်ယောက် ယောက် ကျနော့်ပါး လာရိုက်ပေးပါ။ အိပ်မက်လား တကယ်လားလို့။

Is it call love? ( Completed)Where stories live. Discover now