Part - 15

879 70 0
                                    

ဒီနေ့ မနက်တော့ ရိပေါ် အလုပ်သွားဖို့ တက်ကြွနေတယ်။ မနေ့ည ယွီပင်းကို လိုင်းပေါ်မှာ စာချန်ထားပေမယ့် seen မပြလို့ ဖုန်းခေါ်လိုက်တော့ ဆဲခံရသေးတယ်။ ဒါပေမယ့် အရိုင်းစိုင်းနဲ့ ဖက်ပြီး ရိပေါ် ပြန်မရိုင်းပါဘူး။ ခုတလော ဝမ်အိမ်တော်ရပ်ဝန်းမှာ ရာသီဥတု သာယာနေတယ်လေ။

ယွီပင်းနဲ့ အပြင်မှာတွေ့ပြီး သူ ဖြစ်နေတာတွေ ဆွေးနွေးမယ်ဆိုကာမှ သူတောင်းစားက သူ့အဖေ အလုပ်ကိစ္စခိုင်းလို့ စင်္ကာပူကို အရေးပေါ် သွားရမယ်တဲ့။ အင်း ပြန်လာမှပဲ သူ့အစီစဉ်ကို အကောင်ထည် ဖော်ရမှာတော့မှာပေါ့။

ရိပေါ် အလုပ်သွားဖို့ ဆင်းလာတော့ ကောကို မတွေ့တော့ဘူး။ ကော အလုပ်ကို စောသွားတာတော့ မဖြစ်နိုင်ဘူး သူ့ချစ်သူအတွက် Driver သွားလုပ်ပေးတာပဲ ဖြစ်ရမယ်။ ရိပေါ်လည်း မနက်စာ စားပြီး ရုံးတက်ဖို့ ၈ နာရီပဲ ရှိသေးပေမယ့် အိမ်က ထွက်လာလိုက်တော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရှောင်းကျန့် မနေ့ည မအောင့်အီးနိုင်တော့လို့ သူ အလုပ်လုပ်တဲ့ Company က သူ့အဆင်ကြီး Companyဆိုတာကို သူ့သူငယ်ချင်းကို ဖုန်းဆက်ကြွားလိုက်တာ ဟိုကလည်း ပြန်ပြောပါတယ် ငါတို့က နောက်ဆို အမျိုးပါ တော်မှာတဲ့လေ။

တမျိုးမထင်နဲ့ ငါ့အမနဲ့ သူ့အကိုက မကြာခင် လက်ထပ်တော့မှာ ဆိုတဲ့စကားကြားမှ ရင်ဝက အလုံးကြီး ပြုတ်ကျသွားတော့တယ်။

ဟိုက ယောကျာ်းချင်း ကြိုက်ပေမယ့် သူ့အမေက ချွေးမပဲ လိုချင်တယ်ဆိုပြီး ရုပ်ရည်သိပ်မဆိုးတဲ့ လန်ဟွားကို သဘောကျချင် ကျနေတတ်တာမျိုးမလား။ ဗမာကားတွေဆို မုန့်ဆီကြော် ဘယ်နေမှန်း မသိ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား ဆိုပြီး သားသမီးတွေက ကိုယ်စီရည်းစားရှိနေလား မသိပဲ ဇွတ်အတင်းပေးစားချင်ကြတာမျိုးလေ။

ခုတော့ စိတ်အေးရပါတယ်။ လန်ဟွားက ယောကျာ်းလေးပဲ ကြိုက်ပေမယ့် ယောကျာ်းချင်း ကြိုက်တဲ့ သူ့မွေးစားသားတွေဆိုရင်တော့ သူက လင်ပဲပေးစားချင်တာ သူ ကိုယ်တိုင် မစားဘူးလေ။ ( ကိုယ့်လိုပေါ့ 😁)

ရှောင်းကျန့်လည်း Crush လေးနဲ့ တွေ့ရမှာတစ်ကြောင်း ဒီဇိုင်းဌာနက ကလေးတွေက ထမင်းထုပ်ခဲ့လို့ ပြောတာ တစ်ကြောင်း မနက် ၅ နာရီကတည်းက ထမင်းထချက်ပြီး လဖက်သုပ်နဲ့ ကြက်ဥကြော် လုပ်လိုက်တယ်။ ဒါတောင် အကုန်ပြီးလို့ ပြင်ဆင်ပြီးရော ၇ခွဲပြီလေ။ အဲ့ဒါကြောင့် ရှောင်းကျန့် ထမင်းဟင်း မချက်ချင်တာ အချိန်အရမ်းကြာလို့။ (ကိုယ်လည်း လဖက်သုပ်နဲ့ ကြက်ဥကြော်ကို အဲ့လောက်အချိန်ကြာပါတယ် 😁)

Is it call love? ( Completed)Where stories live. Discover now