Part - 3

1.3K 95 0
                                    

ရှောင်းကျန့် သူလည်း အင်တာဗျူးဖြေတာက ပြန်လာပြီး ပူကလည်း ပူ၊ ခေါင်းတွေလည်း ကိုက်လို့ ဘာမှတောင် မလုပ်ချင်တော့ပဲ ထိုးအိပ်ပစ်လိုက်တယ်။

ညနေစောင်းလောက်ရောက်တော့ တနေကုန် ထမင်းမဝင်ထားတဲ့ ဗိုက်က ဆန္ဒပြလာလို့ မထချင်ပဲ ထလာရတယ်။ အင်း ရေမိုးချိုး၊ ခေါက်ဆွဲပြုတ်စားပြီး ပြန်အိပ်လည်း ရတာပဲ။

ရှောင်းကျန့် ရေမချိုးခင် ရေနွေးအိုးတည်ထားလိုက်ပြီး ရေသွားချိုးလိုက်တယ်။ ထမင်း၊ဟင်း ချက်စားခိုင်းတဲ့ မားရေ လာကြည့်ပါအုံး (ကျန့်ကျန့်က ခေါက်ဆွဲတောင် အိုးနဲ့မပြုတ်စားနိုင်ရှာဘူး။)

တကယ့် တကယ် ရေလည်း ချိုးပြီးရော လူက လန်းသွားပြီး ခေါက်ဆွဲပြုတ်လေးရယ် ကော်ဖီတစ်ခွက်ကလည်း မပါမဖြစ်ပေါ့။ ဒါပေမယ့် ပါဖက်ဖြစ်ဖို့ တစ်ခုခု လိုနေတယ် ခံစားရတယ်။ ဪ..... ဖုန်း ဟုတ်တယ်။ တနေကုန် ဖုန်းကို မကိုင်ရသေးဘူးပဲ။ ( ကိုယ့်လိုပဲ ဖုန်းက ခနခန ထုတ်ကြည့်နေလိုက်ရမှ)

ဖုန်းကိုင်ဖို့ ကြည့်လိုက်တော့ အား 30% က လျှာထုတ်ပြောင်ပြနေတယ်။ ရှောင်းကျန့်ဆိုတာ ဒီဖုန်းအသစ် ဝယ်ကတည်းက psycho ဝင်နေတာ ( သူ့ပိုက်ဆံနဲ့သူ ဝယ်တာ မဟုတ်လို့) ဖုန်းအား 80 လောက် ရှိသေးရင်ကို အားက သွင်းထားချင်နေတုန်း။ အခုတော့ တစ်ခါလေး ဒီအားနဲ့သုံးမယ်နော် ဘေဘီလေး ဖေကြီး ဖုန်းတနေကုန် မသုံးရသေးလို့ပါကွာ။

ဒီ weekend မှာ အဝ သုံးထားရမယ်။ အလုပ်သွားရင် ဖုန်းတကိုင်ကိုင်နဲ့ဆို ပထမ တစ်ရက်မှာတင် warning တောင် မမိတော့ဘူး တန်းထုတ်ခံရမှာ။ အခုတော့ အလုပ်ရတဲ့ အထိမ်းမှတ်နဲ့ ပိုစ့် တင်ရမယ်။ 😁 ဘာနေနေ ပိုစ့်တော့ တင်မှာပဲ။

Feel post တင်ရမလား။ ရိုင်းချင်ယောင်ဆောင်ပြီး အတန်ရှည် ရှာရမလား။ တကယ်တော့ ရှောင်းကျန့်ရဲ့ Friend တွေထဲမှာ ရှောင်းကျန့် အကြောင်းသိတဲ့ လူရင်းတွေလည်း ရှိတာမို့ ရှောင်းကျန့် နေမကောင်းဘူးလို့ တင်ရင်တောင် Ha Ha ပေးတဲ့လူတွေချည်းပဲ။
တစ်ခါတလေ Feel post တွေ မိနစ်မခြား post တတ်လို့ Follow ဖြုတ်ထားပါရစေ ဆိုတဲ့လူတွေနဲ့။အမှန်တကယ် မျက်ရည်တွေကျပြီး ရေးထားရတဲ့ ပိုစ့်တွေ ရှိသေးတာကိုတော့ ဘယ်သူမှ မခံစားကြည့်ကြဘူး။
ကဲ ...... ထားပါ အခုတော့ အပျော်လေးပဲ ရှာမယ်။ Ha Ha react ရလည်း နည်းလား။

Is it call love? ( Completed)Wo Geschichten leben. Entdecke jetzt