Part - 20

837 64 0
                                    

ရှောင်းကျန့် နိုးလာတော့ ညနေတောင် စောင်းနေပြီ။ ဆေးသောက်ပြီး အိပ်လိုက်လို့လား မသိ လူက အဖျားလည်း မရှိတော့ဘူး။ ချောင်းကတော့ ဆိုးနေတုန်း။ အဲ့ဒါကြောင့် နှာစေးချောင်းဆိုးတာထက် အကြီးကြီးပဲ ဖျားချင်တာ။ နှာစေးချောင်းဆိုးတာက ဆေး ဘယ်လောက်သောက်သောက် အချိန်မတန်သေးရင် မပျောက်ဘူးလေ။

ရှောင်းကျန့် ခြေလက်တွေတော့ မဆေးတော့ပဲ မျက်နှာပဲ သစ်လိုက်တယ်။ တနေကုန် ဘာမှမစားထားတာကြောင့် ခုမှ ဗိုက်က ဆာလာသလိုလိုနဲ့မို့ မုန့်ပဲစားရမလား ထမင်းပဲ စားရမလား စဉ်းစားနေတုန်း ဖုန်းမြည်လာတာကြောင့် ကြည့်လိုက်တော့ နံပတ်အစိမ်းကြီးမို့ မကိုင်တော့ပဲ အဆောင်အောက်ကို ဆင်းလာလိုက်တယ်။ ဖုန်းထားခဲ့လို့ ရှောင်းကျန့် မသိလိုက်တာက

တင်...... ' ကျန့်ကော ကျနော် ဝမ်ရိပေါ် အခု ကျန့်ကော အဆောင်ရှေ့ ရောက်နေပြီ ဆိုတဲ့' မက်ဆေ့ တစ်စောင်ကိုပေါ့။

ရှောင်းကျန့် တိုက်ခန်း တံခါးပိတ်ပြီး အဆောင်ဝင်းထဲ ထွက်မလို့ လုပ်နေတုန်း အဆောင်ရှေ့မှာ ရပ်နေတဲ့ ကားတစ်စီး တွေ့လိုက်တယ်။ ဒီ black Audi ကားကြီး ငါ မြင်ဖူးနေပါတယ်။ မဟုတ်မှ.......

ဟုတ်ပါတယ်။ ရှောင်းကျန့်ကိုတွေ့လို့ ကားအမဲပေါ်က ဆင်းလာတာ နှစ်ယောက်မရှိတဲ့ သူတို့ CEO ကြီးပါ။

' CEO ဘယ်လိုဖြစ်လို့ ကျနော့်အဆောင်ရှေ့ ရောက်နေတာလဲ။'

'အာ..... ခုန ကျနော် ဖုန်းဆက်သေးတယ်လေ ကျန့်ကောပဲ မကိုင်တာ။'

ဒါဆို ခုန ဖုန်းနံပတ် အစိမ်းကြီးက ဝမ်ရိပေါ်ပေါ့။ သူ ဘာဖြစ်ချင်နေတာလဲ။ နေမကောင်းတဲ့ ဝန်ထမ်းတိုင်း ခုလို လိုက်ဂရုစိုက်ပေးတာပဲလား။ အေးတိအေးစက်ပုံနဲ့ စိတ်ရင်းတော့ ကောင်းသားပဲ။ ထင်တောင် မထင်ထားဘူး။(အင်း နောက်ကျ ကျန့်ကော အတွက်ဆို ကိုယ်ဖိ ရင်ဖိ ဂရုစိုက်ပေးအုံးမှာပါတဲ့ တိတိလေးက)

'ဪ.... ဘယ်သူမှန်း မသိဘူးလေ။ နံပတ်စိမ်းဆိုတော့ သွားစရာလည်း ရှိနေတာနဲ့ မကိုင်တော့တာ။'

'ဒါနဲ့ CEO က ဘာလာလုပ်တာလဲ။ ဒီဘက် လာစရာ ရှိလို့လား။'

ရိပေါ် အိပ်ချင်ယောင်ဆောင်နေတဲ့ ရှောင်းကျန့်ကို မသိသလို လုပ်ပေးချင်ပေမယ့် သူသာ နှောင့်နှေးနေရင် တစ်ခြားသူနဲ့ နောက်ထပ် ရည်းစားထပ်ဖြစ်သွားမှာ စိုးတာကြောင့် ပေါ်တင် လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ယုန်က တုံးအချင်ယောင်ဆောင်နေတာကိုး။

Is it call love? ( Completed)Where stories live. Discover now