Part - 31

813 52 2
                                    

ရှောင်းကျန့်လည်း ရေချိုးဖို့ သူ့အခန်းကို လာလိုက်တယ်။ ရှောင်းကျန့် တံခါးဖွင့်ပြီး ဝင်လာတော့ သူအခန်း တခုခု မှားနေတယ်ဆိုတာ သိလိုက်တယ်။ ဘာတွေက နေရာမမှန် ဖြစ်နေမှန်း မသိ၊ သူ့အခန်းထဲမှာ သူ ထားနေကျ ပစ္စည်းတွေကပဲ နေရာရွှေ့ထားသလို၊ ပစ္စည်းတွေကပဲ ပိုများသလို၊ ရှောင်းကျန့် သူ့အခန်းကို အထူးဆန်းလို ကြည့်ပြီး မျက်လုံးက သူ့အဝတ် ဗီဒိုဘေးက luggage အစိမ်းရောင်ကို တွေ့လိုက်တယ်။ ဘယ်သူ့ဟာကြီးလဲ။ ပြီးမှ မားကို မေးတော့မယ်။ ရှောင်းကျန့် သူ့အဝတ်တွေ ထုတ်ထားလိုက်ပြီး ရေချိုးခန်းထဲ ဝင်သွားလိုက်တယ်။ အိပ်ရာဘေးက စားပွဲခုံ အံဆွဲထဲမှာ ရှိနေရမယ့် ငယ်ငယ်က သူ့ဓာတ်ပုံအယ်လ်ဘမ်ကို သတိမထားမိလိုက်ပဲနဲ့ပေါ့။

ရှောင်မား ဟင်းတွေလည်း ချက်အပြီး အိမ်ရှေ့က ကားသံကြားလို့ ထွက်လာလိုက်တယ်။ ကြည့်ရတာ ဖေကြီးတို့ ပြန်ရောက်ပြီထင်တယ်။

'အဖေကြီး ရှင်ကလဲ သား လာတဲ့နေ့မှ ပြန်လာတာ နောက်ကျလိုက်တာ။ သားတောင် မေးနေတယ်။'

'ဟေ.... သားတို့ ရောက်ပြီလား။ ငါလည်း ဒီနေ့မှ ခြံထဲက အလုပ်သမားတွေပဲ လွှဲထားလို့ မရလို့ပါကွာ။ ကဲ... သားလည်း ပါးကို တနေကုန် ကူပေးနေတာ ညစ်ပတ်နေရောပေါ့ ရေသွားချိုးလိုက်အုံး ပြီးမှ ထမင်းစားကြမယ်။'

'ဟုတ်ကဲ့ ပါး။ မား အာ့ဆို သား ရေသွားချိုးအုံးမယ်နော်။'

'ဟုတ်သား။ ရှင်ကလည်း ကလေးကို နေ့တိုင်းပဲ ခြံထဲ ခေါ် ခေါ်သွားနေတော့တာပဲ။ ကြည့်ပါအုံး အသားတောင် နေလောင်နေပြီ။'

'အမယ်.... မင်း သားကို မေးကြည့် ငါခေါ်တာလား သူ လိုက်ချင်တာလား ဆိုတာ။ သူ့သားကဖြင့် မျက်နှာလုပ်နေတာကို။'

'ဒါတော့ ဒါပေါ့ရှင်။ ကျမ ငယ်သူငယ်ချင်းရဲ့သား ဆိုပေမယ့် ခုလို သူ့သားကို အလုပ် လုပ်ခိုင်းနေတော့ အားနာရတယ်ရှင့်။'

'အာ.... ပါးနဲ့မား သားကို ဘာမှအားနာစရာ မလိုဘူး။ သား အမှတ်ယူနေတာ မားမားလည်း သိတယ်။ အခုလည်း သား ဘာသာ သား ပါးကို ကူပေးချင်လို့ လိုက်သွားတာပါ။'

Is it call love? ( Completed)Where stories live. Discover now