Part - 34

739 43 2
                                    

ရှောင်းကျန့်  ဖြတ်ခနဲ ဆွဲချခံလိုက်ရတာကြောင့် ဆွဲတဲ့လူရဲ့ ပေါင်ပေါ် ထိုင်ရက် ကျသွားပါတယ်။

ရိပေါ် သူ လှမ်းဆွဲလိုက်တာကို သူ့ပေါင်ပေါ် ပြုတ်ကျလာတာ ရှက်သွားတဲ့ မျက်နှာကြည့်ပြီး ro ရမလား အောက်မေ့ပါတယ် သူ့ခေါင်းထက် ကျော်သွားတဲ့ ရှောင်းကျန့်ကြောင့် သိပ်တော့ အဆင်ပြေမနေဘူး။ အိမ်ပြန်ရောက်ရင် ဘား ဆွဲအုံးမှပဲ။ ရင်ခွင်မှီ အရပ်ထက် နည်းနည်း ကျော်အောင် မွေးပေးတဲ့ မားကိုတောင် ထိုင်ရှိခိုးရမလို ဖြစ်နေပြီ။

ရှောင်းကျန့် လည်း ကြောင်ပြီး ရိပေါ်ရဲ့ ပေါင်ပေါ်မှာ တောင့်တောင့်ကြီး ဆက်ထိုင်နေမိတယ်။ ရှောင်းကျန့် သူ့လည်ပင်းနားမှာ ရိပေါ်ရဲ့ ဝင်လေ ထွက်လေ လေငွေ့နွေးနွေးလေး လာရိုက်တော့မှ အသိဝင်လာပြီး ဆင်းဖို့ သတိရတယ်။

ရိပေါ် သတိပြန်ကပ်ပြီး သူ့ပေါင်ပေါ်မှ ဆင်းဖို့ ပြင်နေတဲ့ ရှောင်းကျန့် ခါးကို ထပ်ဖက်လိုက်တယ်။

'အ.... ရိပေါ် လွှတ် ... ဖယ်အုံး ငါ မင်းဘေးနားမှာပဲ ဆင်းထိုင်မယ်။'

အမယ် ထွက်ပြေးဖို့တော့ မကြံဘူးပေါ့၊ ပေါင်ပေါ်ကနေ ဆင်းပါရစေပေါ့။ ရရိုးလား။ ဒါတောင် ဘာမှမလုပ်ရသေးဘူး။ ခါးပဲ လှမ်းဖက်ရသေးတယ်။ ပြီးတော့ ကျန့်ကော ခါးသေးသေးလေးက ဖက်လို့ ကောင်းတယ်။ လက်တွေလည်း သေးသေးလေးတွေနဲ့ ရိပေါ် ရှောင်းကျန့် တကိုယ်လုံးတောင် မြိုချထားလိုက်ချင်တော့တယ်။

'ဖယ်ဘူး ဒီတိုင်းထိုင် ကျန့်ကော ဆင်းရင် သား ဘာလုပ်မိမလဲ အာမ မခံဘူးနော်။ ကဲ.... ဆင်းမှာလား ဒီမှာတင်......'

'ဘာ.... ဘာတွေ ပြောနေတာလဲ အိမ်ရှေ့ ဧည့်ခန်းမှာ အရှက်မရှိ ဘယ်လိုစကားတွေ လာပြောနေတာလဲ။'

'အဲ..... သား ဘာပြောလို့လဲ သားက ကျန့်ကော ဆင်းရင် လက်ကိုင်ထားမှာ မလွှတ်တော့ဘူး ပြောမလို့ဟာ.... မဟုတ်မှ ကျန့်ကော ဘယ်ထိ တွေးလိုက်တာလဲ။'

ရှောင်းကျန့် တမင် စ နေတဲ့ ရိပေါ်ကြောင့် မျက်နှာတွေ ပူတက်လာတယ်။ ဘယ်သူက ဘာတွေးရမှာလဲ အခုအခြေနေနဲ့ သူ ပြောတဲ့စကားတွေ ဘယ်ကိုဦးတည်ချင်လဲ ကလေးကစ ခွေးအဆုံး သိတယ်။ ဝမ်ရိပေါ်က တကယ် အရှက်မရှိတာပါ။

Is it call love? ( Completed)Tempat cerita menjadi hidup. Temukan sekarang