Part - 33

741 46 2
                                    

ရိပေါ် သူ မူးတယ် ထင်ပြီး သူ့ခံစားချက်တွေကို ဖွင့်ထုတ်လာပြီးမှ သူ့အနားက ထွက်ပြေးချင်နေပြန်တဲ့ ယုန်ပေါက်ကို ထောင်ဖမ်းဖို့ ဆုံးဖြတ်လိုက်တယ်။
အဲ့ဒါကြောင့် HRဆီက ရှောင်းကျန့်ရဲ့ CV Form ထဲက အမြဲတမ်းနေရပ်လိပ်စာ ကို တောင်းလိုက်တယ်။

ရိပေါ် ညနေ ရုံဆင်းတော့ သူ့အစီစဉ်ကို ပါးနဲ့မားကို ပြောပြလိုက်တယ်။

'ဟေ.... သားငယ်က ချက်ချင်းကြီး သွားမလို့လား။ သားရဲ့ ကောကလည်း ပြန််လာသေးဘူးလေ။ အလုပ်တွေက ထားခဲ့လို့ ရလို့လား။'

'ဟုတ်သားပဲ သားရယ်။ ပြီးတော့ ဟိုကလေးကလည်း ဘာမှသိသေးတာ မဟုတ်ဘူး။ သားဘက်ကပဲ တစ်ဖက်သတ် တွေးနေတာမလား။ မား အထင်ကတော့ သူနဲ့အရင် အခြေနေတိုးတက်အောင် လုပ်တာက ပိုမကောင်းဘူးလား။ သား ခုလို လုပ်ရင် သူ ပိုစိတ်ဆိုးသွားနိုင်တယ်။'

'မရဘူး မား။ သူက သားကို ချစ်တယ်လို့ ပြောပြီးပြီပဲ။ ပြီးတော့ သူ့ဘာသာ အတွေးများပြီး သား အနားက ထွက်ပြေးချင်နေတာ။ သူ သိအောင် ပြောလိုက်ရင် သဘောတူမှာ မဟုတ်ဘူး။ ပြီးတော့ သား သူ့ကို မပြောရဲဘူး။ သား ပြောလိုက်မှ ခြေရာတွေ ဖျောက်သွားရင် ဘယ်လိုလုပ်မလဲ။ အခု သား စီစဉ်တဲ့အတိုင်းပဲ လုပ်ပေးပါနော်။'

'ဟင်းးးးး မင်းဟာကလည်း မသေချာ မရေရာတာကြီးကိုကွာ။ အိမ် လိုက်သွားတာက ဟုတ်ပါပြီ။ ကောင်လေး မိဘတွေက လက်မခံရင်ကော။'

'ဖွ လွဲပါစေ ဖယ်ပါစေ .... ပါးနော် မဦးမချွတ် ဘာတွေ အတိတ်နမိတ် မကောင်းတာ ပြောနေတာလဲ။ သားကိုကြည့် ဒီလောက် ပြည့်စုံနေတာ သားကို မြင်ပြီး ချစ်မသွားတဲ့လူ ရှိလို့လား။'

'ရှိတယ်လေ ရှိလို့ပဲ အခု သူ့အိမ်တောင် လိုက်သွားပြီး အတင်းတောင်းယူရတာ မဟုတ်ဘူးလား။'

'ပါး နော်.....'

'မား တို့က လိုက်ပေးတာ ရတယ်။ တကယ်လို့ ကောင်လေး မိဘက ဒီလိုမျိုးကို လက်မခံနိုင်ရင်ကော။'

ရိပေါ် ဒါကိုတော့ မတွေးမိဘူး ဖြစ်သွားတယ်။ ဟုတ်သား ကျန့်ကောက သူ့ဖြစ်တည်မှုကို ဖွင့်မပြောရသေးရင်ကော။

Is it call love? ( Completed)Où les histoires vivent. Découvrez maintenant