Part - 11

862 68 2
                                    

ရိပေါ်လည်း ညစာ စားပြီး အခန်းကိုပဲ တခါတည်း တက်လာလိုက်တော့တယ်။ ဒီနေ့လည်း တနေကုန် အပြင်သွားထားတော့ လူက ရေချိုးပြီးတာတောင် ငြီးစီစီ ဖြစ်နေတုန်း။ တကယ်ပဲ အဲ့ကောင်လေးက အဲ့အိမ်ကလား။ ဟာ..... တော်ပြီ သူ့အကြောင်း ထပ်မစဉ်းစားတာကောင်းမယ်။

ရိပေါ် ခုံပေါ်က အားသွင်းထားတဲ့ ဖုန်းဆီ အကြည့်ရောက်မှ Love Hunter ရဲ့ ထူးဆန်းတဲ့ ပိုစ့်အောက်မှာ comment သွားမန့်ထားတာကို သတိရသွားတယ်။ ငါ ဘယ်လိုတောင် သတ္တိရှိလို့ အဲ့လို သွားမန့်ထားရတာလဲ။ " နှလုံးသားထဲ ဖွက်ထားချင်တဲ့ထိ ဟန်ကွမ်းကျွင်းထက် သိပ်ကို ချစ်တတ်တဲ့လူပေါ့"

ရိပေါ် သူ မန့်ကို ပြန်ဖတ်တိုင်း ရှက်လွန်းလို့ လဲတောင် သေလိုက်ချင်တယ်။ အားးး သေပါပြီ သူ့မန့်ကြောင့်နဲ့ ဟိုလူ စိတ်မရှုပ်သွားလောက်ပါဘူးနော်။ ဒီချိန်မှ ပြန်ဖျက်လည်း မမီလောက်တော့ဘူး။

နေ့လည်က Love Hunter တင်လိုက်တဲ့ပိုစ့်က သူ့နှလုံးသားထဲထိ အချစ်တွေ ခံစားမိတာကြောင့် ဘာမှမစဉ်းစားပဲ comment ပေးလိုက်တာ။ခုမှတော့ ရှက်နေလည်း $ရှက်က ကွဲသွားပြီ။ ဒါပေမယ့် ကံကောင်းရင် ဒါ Love Hunter နဲ့တောင် ရှေ့ဆက်လို့ ရသွားမယ့်အခြေနေပဲ။

" အချစ်ရေးမှာ သူများကို ဆရာဘယ်လောက်ကျခဲ့ ကျခဲ့
ကိုယ်တိုင်က တဖက်မှာ သေနေတဲ့အချစ်ကို ချစ်မိသွားရင်
အဲ့ဆရာလည်း လမ်းပျောက်တာပဲ" posted by Leo Wang 85

3 Ha Ha react......
ကြည့်လိုက်တော့ သူ့ BFF တွေ။ သိပ်ကို သစ္စာရှိကြတာ။ Ha Ha react ပဲ ပေးမယ်ဆိုပြီး တိုင်တည်ထားကြသလား အောက်မေ့ရတယ်။ တခါတလေမှ ပိုစ့်တင်တာတောင် တက်ညီ လက်ညီ ဟဟ ကြတယ်။

ဖုတ်ကလေးရဲ့ အသဲနှလုံး ပင်း ::::: ဟျောင့် ဘာလည်း မင်းရဲ့လူကို အားကြပြီး တော်ကီတွေ ကျင့်နေပြီလား။ မလုပ်ပါနဲ့ကွာ မင်းအကောင့်ထဲက လူတွေ အူတက် ကုန်လိမ့်မယ်။

Reply by Author ::::: ဟျောင့် ရင်ထဲ အသည်းက ခံစားပြီး ရေးလိုက်တာ။ မင်းလို FA ကတော့ ဘယ်ခံစားတတ်ပါ့မလဲ။ ဥာဏ်ရည်မှ မမီတာ 😎

J's H X :::::: ငါ့လို ရည်းစားရှိတော့မယ့်လူကလည်း နားမလည်ဘူး။ 🤧

Z C Wang::::::: ရည်းစား မရှိလိုက်ရပဲ အသဲကွဲသွားတဲ့ ငါလည်း နားမလည်ဘူး။ ငါတို့ ၃ ယောက်လုံး နားမလည်ဘူးဆိုတော့ သေချာတယ် ရေးတဲ့ကောင် $သုံးမကျတာ 🤭

Is it call love? ( Completed)Donde viven las historias. Descúbrelo ahora