Part - 13

827 76 0
                                    

ရှောင်းကျန့် အဆောင် ပြန်ရောက်တော့ ညနေလည်း စောင်းပြီမို့ ရေမိုးချိုးပြီး အဝတ်တွေပါ တခါတည်း လျှော်လိုက်တယ်။ ရှောင်းကျန့် အသန့်သိပ်ကြိုက်ပါတယ် ထမင်းဟင်းတာ မချက်စားတာ သူ့အဝတ်တော့ တနေ့ဝတ် တနေ့ ချက်ချင်းလျှော်ပါတယ်။

အင်း .... ဖုန်းအားလည်း မပြည့်သေးတော့ လမ်းထိပ်က ညစျေးသွားလိုက်ပါအုံးမယ်။ ရှောင်းကျန့် ထမင်းမချက်စားပဲ ငပျင်းလေး လုပ်ရတဲ့ အကြောင်းရင်း အခုနေတဲ့ နေရာကြောင့်လည်း ပါတယ်။ အဆောင်ကနေ နည်းနည်းထွက်ပြီး လမ်းတကွေ့လျှောက်လိုက်တာနဲ့ မနက်ကနေ ညနေထိ စျေးတန်းကြီး ရှိတယ်လေ။ ညရောက်ပြီဆိုလည်း အကင်တွေ မုန့်မျိုးစုံတွေ တစ်ချို့အသည်တွေဆို အလုပ်က မိုးချုပ်မှ ပြန်လာတဲ့သူအတွက် အဆင်ပြေအောင်ဆိုပြီး ထမင်း ဟင်း အသင့်ရောင်းတာတွေလည်း ရှိသေးတယ်။ ကဲ .... ရှောင်းကျန့်က သူ့လက်ရာ မကောင်းမကန်းကို ချက်မစားတာ အပြစ်လား။

ရှောင်းကျန့် လမ်းထိပ်ရောက်တော့ လမ်းဘေးတွန်းလှည်းနဲ့ အသည်တွေတောင် စုံသလောက်ရှိနေပြီ။ ဘာစားရင် ကောင်းမလဲ မြီးရှည်ပဲ စားရမယ်ထင်တယ် ရောင်းတဲ့လူက အဆင်လေ။ (ရှောင်းကျန့်က ကိုယ့်လိုပဲ မျက်စိရှေ့မှာ ချောတာမြင်သမျှ ငမ်းပါတယ်။ ပြီးရင်လည်း တကယ်စိတ်ထဲ မထားပါဘူး။

ရှောင်းကျန့်လည်း အဆင်လေး ရောင်းတဲ့မြီးရှည်ကိုပဲ ဝယ်လာလိုက်တယ်။ ခွက်လေးနဲ့ရောင်းတာဆိုတော့ ပန်းကန်လည်း ဆေးစရာ မလိုတော့ဘူး။ အဆင်လေးက စားသုံးသူတွေ အဆင်ပြေအောင် သိပ် စဉ်းစားတတ်တာပဲ။

ရှောင်းကျန့် စားပြီး ဖုန်းကို ယူကြည့်လိုက်တော့ ပြည့်နေပြီမို့ တနေကုန် မသုံးရသေးတဲ့ Fb ကို ချက်ချင်းဖွင့်လိုက်တယ်။ မနေ့ညက ဘောပွဲပြီးလို့ လိုင်းမသုံးပဲ အိပ်လိုက်တာ အကြောင်းရှိတယ်လေ။

ရှောင်းကျန့် Fb ဖွင့်တာနဲ့ မြင်လိုက်ရတဲ့ မန်ယူဖန် လေကန်တဲ့ကောင်တွေရဲ့ ပိုစ့်တွေကြောင့် ဆဲလိုက်တော့တယ်။ ငလူးကောင်တွေ အဲ့ဒါကြောင့် မနေ့ညကတောင် ဖုန်းမသုံးပဲ အိပ်လိုက်တာကို ဒီမနက်ထိ လေတိုက်နေတာ မပြီးသေးဘူးလားဟ။ ဖုန်ရှူလိုက်တော့...... အရင်ကဆို ရှောင်းကျန့်တို့က သွားဆဲမှာ ဒါမယ့် ခုက ကိုယ့်အသင်း ရှုံးထားတာမို့ သွားဆဲရင် ကိုယ့်ပေါင်ကိုပဲ လှန်ထောင်းသလို ဖြစ်မှာမို့ ငြိမ်နေလိုက်တယ်။

Is it call love? ( Completed)Où les histoires vivent. Découvrez maintenant