Part - 38

676 40 0
                                    

ရှောင်းကျန့် ညက ဝိုင်ပဲ သောက်တာပါ ဘယ်လိုဖြစ်လို့ အာခေါင်တွေ ခြောက်ပြီး ရေငတ်သလို ခံစားလာရတာလဲ။ ရှောင်းကျန့်  ရေသောက်မလို့ ထတော့ တစ်စုံတစ်ခုက သူ့အပေါ်မှာ ဖိထားသလို ခံစားရတယ်။

ရှောင်းကျန့် မျက်လုံးဖွင့်ကြည့်တော့ သူ့ရင်ဘတ်ပေါ်မှာ လက်ကြီး တစ်ဖက် တင်ထားတာတွေ့လိုက်ရတယ်။ ရှောင်းကျန့် ဘဝပျက်ပြီ ထင်ပြီး အော် ပါတော့တယ်။
'အားးးးး....... ဘယ်သူလဲ ဘာလို့ လာဖက်ထားတာလဲ.... ငါ ဘယ်ရောက်နေတာလဲ။'

ရိပေါ် ရှောင်းကျန့်ရဲ့ အော် သံကြောင့် လန့်နိုးလာပြီးာရှောင်းကျန့်ကို လာဖက်ထားတဲ့လူကို လိုက်ရှာတယ်။

'ဘာလဲ ... ဘယ်မှာလဲ .... ဘယ်သူ ကျန့်ကောကို လာဖက်ထားတာလဲ' ရိပေါ် အိပ်ချင်စိတ်တွေတောင် ပြယ်ပြီး ရှောင်းကျန့်ကို ကြည့်လိုက်တော့ သူ့ရင်ဘတ်ကို လက်နှစ်ဖက်နဲ့ ကြက်ခြေခတ်ပုံစံ လုပ်ပြီး မျက်လုံးတွေ မှိတ်ထားတာ တွေ့လိုက်တယ်။

ဒီကိုကို ခုထိ အမူးမပြေသေးဘူးထင်တယ်။ လက်စသတ်တော့ ကျန့်ကောက သူ့လက်ကို တစ်ခြားလူရဲ့ လက် ထင်နေတာကိုး။

ရိပေါ် ခုထိ မျက်လုံး ပြန်ဖွင့်မလာတဲ့ ရှောင်းကျန့်နား ကပ်လာပြီး ရင်ဘတ်ကို ကာထားတဲ့ လက်ကို ဆွဲယူလိုက်တယ်။

'ကျန့်ကော .... မျက်လုံးဖွင့်ပါအုံး ဒီမှာ ဘယ်သူမှ မရှိဘူး။'

ရှောင်းကျန့် လန့်ပြီး အော်လိုက်ပြီးမှ မျက်လုံးလည်း ဖွင့်မကြည့်ရဲတာမို့လို့ တောင့်တောင့်ကြီး ထိုင်နေရင်း နားထဲ ရိပေါ် အသံလိုလို ကြားလိုက်ရတာမို့ မရဲတရဲနဲ့ မျက်လုံး တစ်ဖက်ချင်း ဖွင့်ကြည့်လိုက်တယ်။

တကယ်ကြီး ဝမ်ရိပေါ်ပဲ.... ရှောင်းကျန့် သူ့ရှေ့က လူကို လှမ်းဖက်လိုက်တယ်။

'ရိပေါ် တကယ်ပဲ ရိပေါ်လား။'

'ဟုတ်ပါတယ်ဗျာ.... ကျန့်ကောရဲ့ ကလေးလေး ရိပေါ်ပါ။ ခုန ဘာလို့ အော် တာလဲ။ ကျနော် အရမ်းလန့်သွားတယ်။ ကျန့်ကော ဘာဖြစ်တာလဲ ဆိုပြီး။'

'ဟင့်..... ငါ ရေဆာလို့ ရေထ သောက်မလို့ဟာကို ငါ့ရင်ဘတ်ပေါ်မှာ တင်ထားတဲ့ လက်ကိုမြင်တော့ လန့်သွားတာပေါ့။ ငါ တခုခုများ ဖြစ်သွားပြီလား ဆိုပြီး။'

Is it call love? ( Completed)Where stories live. Discover now