Part - 37

641 45 2
                                    

XZ's Farm ရှေ့က ကားတစ်စီးထဲတွင်......
'ဟျောင့် ရိပေါ် .... နင် ငြိမ်ငြိမ်နေလို့ မရဘူးလား။'

'အေးလေ .... ခြံရှေ့ပဲ ရောက်နေပြီ အေးဆေး ထိုင်နေစမ်းပါ မျက်စိတွေလည်း နောက်နေပြီ။'

ရိပေါ် သူ့ကို မကြည့်လာပဲ လေသံတူ ထွက်လာတဲ့ ဟောက်ရွှမ်းနဲ့ ယွီပင်းကြောင့် ကားထဲက မီးကို ဖွင့်လိုက် ပိတ်လိုက် လုပ်နေလိုက်တယ်။

'ဝမ်ရိပေါ် ခွေးကောင် ငါတို့ ကား ပြန်လှည့်လိုက်ရမလား ပြော။ ငါတို့မှာ တနေကုန် မင်းအကြောင်းပဲ လိုက်လုပ်ပေးနေရတယ်။ အခုလည်း ဒီည ရှောင်းကျန့်ကိုမှ အိမ်ပြန်မခေါ်ရရင် သေမလို ဖြစ်ပြနေလို့ လိုက်လာပေးတာကို $ကျေးဇူးက မသိတတ်ဘူး။'

ရိပေါ် ယွီပင်း ဟောက်လိုက်တော့ လက်ကို ပေါင်ကြားထဲ ထိုးထည့်ထားလိုက်တယ်။ မသာတွေ ခုန သူတို့ရည်းစားကို စိတ်ပူနေတာ ဒီ$ခွက်တွေ မဟုတ်ဘူး။အခုမှ အကုန်လုံး ငါ့အကြံစည်တွေ ဖြစ်လို့။ အားးး မစောင့်နိုင်တော့ဘူး တလု ကော ဘယ်ချိန်မှ ဖုန်းပြန်ဆက်လာမှာလဲ။

Flash Back........
'ဟျောင့်တွေ ငါတို့ ခြံကို လိုက်သွားရအောင်...'

ဟောက်ရွှမ်းနဲ့ ယွီပင်း ညစာ စားပြီး ယွီပင်းအခန်းထဲမှာ ဂိမ်းဆော့မလို့ လုပ်နေတုန်း ဝမ်ရိပေါ် ဆပ်ပြာသည် လင်ပျောက်နေတဲ့ ရုပ်နဲ့ ရောက်ချလာတယ်။

'မသွားဘူး ပင်ပန်းတယ်။ ငါတို့ အိပ်တော့မှာ။'

'ဟုတ်တယ်။ မသွားဘူး။ ကားလည်း မမောင်းချင်ဘူး။ ငါတို့ကို တနေကုန် ခိုင်းစားနေတာ တော်ပြီပေါ့။'

'နင်တို့ကလည်းကွာ .... အဲ့ဒါခိုင်းစားတယ် မခေါ်ပါဘူး။ သူငယ်ချင်းအချင်းချင်း ကူညီလို့ ကောင်းပါတယ်။'

'ငါတို့လည်း ဘာမှမပြောပါဘူး အခု မင်းက လွန်လာလို့ ပြောရတာ။ ဘယ်နှယ့် ခြံထိတောင် လိုက်သွားအုံးမယ်။ ကျန့်ကောက နင့်ကို ပညာပြချင်လို့ အိမ် မပြန်လာတာလေ။ နင် သွားခေါ်လို့ ရမှာတဲ့လား။'

'သူတို့ စားကြ သောက်ကြမှာပဲလေ မူးတဲ့ချိန်မှ ရွှတ်ခနဲ ပွေ့ပြီး ခေါ်လာမှာပေါ့။ နင်ကော ခြံထဲက ယောကျာ်းလေးတွေနဲ့ နင်တို့ရည်းစားကို စိတ်ချလို့လား။' ရိပေါ် ဒီနှစ်ကောင်ကို အပျော့ဆွဲ ခေါ်လို့ ရမှာ မဟုတ်မှန်း သိလို့ နောက်ဆုံး လက်နက် ထုတ်သုံးလိုက်တာ။ ခုတော့ ဒီနှစ်ကောင် လက်ထဲက ဖုန်းတောင် ချပြီးနေပြီ။

Is it call love? ( Completed)حيث تعيش القصص. اكتشف الآن