Part - 45

630 37 0
                                    

ရိပေါ် .... ရုံးပြန်လာပြီး တင်ဒါအတွက် ယွင်ရှင်းကိုသာ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်တော့တယ်။ အသက်ကြီးတဲ့ ဒီဇိုင်နာက ရှက်ပြီး အိမ်ပြန်သွားခဲ့ပြီလေ။

Staff 1 ... 'ဟဲ့.... ငါတို့ CEO ရဲ့ လက်မှာ ကြည့်လိုက်အုံး စေ့စပ်လက်စွပ်ကြီး ပြူးနေတာပဲ..'

Staff 2 ... 'အေးဟယ် သူ့ Fb acc မှာလည်း engage ဆိုပြီး ချိတ်ထားသေးတယ်။ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဥစ္စာပေါ ရုပ်ချော တဲ့ CEO ကို ပိုင်ဆိုင်ရတဲ့ အဲ့မိန်းကလေးက ကံကောင်းလိုက်တာနော်...'

Staff 3 ... ' မိန်းကလေးလို့ ဘယ်သူပြောတာလဲ... မျက်နှာတောင် မပြထားပဲနဲ့...'

Staff 4 ... 'ဟဲ့ မိန်းကလေးမဟုတ်လို့ ငါတို့ CEO က ယောကျာ်းလေးချင်း ကြိုက်တယ်လို့ ကြားမိလို့လား'

Staff 1,2 ... 'အေးလေ ဒီလောက် ဖြောင့်နေတဲ့ CEO ကို ဘယ်နေရာကြည့်ပြီး လိင်တူချင်း ကြိုက်တယ်လို့ ပြောရဲတာလဲ...ပြီးတော့ CEO ရဲ့ FB acc မှာ တင်ထားတဲ့ လက်ပုံနဲ့ကလည်း မိန်းကလေးလက်ပါ ဒီလောက် လက်ဆစ်လေး သေးသေးသွယ်သွယ် ဖြစ်နေတာ။'

Staff 4 ... ' ငါတော့ အဲ့မိန်းကလေးကို အားကျတယ်... ဘယ်ချိန် ဘယ်မှာ ငါတို့ရုံးက ရေခဲရိုက် CEO ကြီးကို အရည်ဖျော်လိုက်တာလဲ မသိဘူး'

Head Department .... ' ဟေ့ အတင်းပြောနေတာလေး ရပ်ပြီး ကိုယ့်အလုပ်ကို လုပ်တော့ .... နင်တို့ ရုပ်က ထမင်းထုပ်ပြီး ရှာရင်တောင် ထမင်းထုပိသာ သိုးသွားမယ့်ရုပ် ကံကောင်းချင်ရင် နောက်ဘဝအတွက် အတင်းပြောတာလေး လျော့ စိတ်ကောင်းထားပြီး ကောင်းမှုကုသိုလ် များများလုပ်။'

Staff 1 ::: 'သူကျ အသက် ၃၀ ကျော်နေပြီ ခုထိ အပျိုကြီးဘဝက မကျွတ်သေးပဲနဲ့များ.....'

Staff 2,3,4 ::: ' အေးလေ....'

H D ::: ' ဟဲ့ ... တိုးတိုးနဲ့ ပြောမနေနဲ့ ကိုယ့်နေရာကိုသွားတော့ အလုပ်ကျ အာရုံ မစိုက်ချင်ဘူး အတင်းပြောမယ်ဆို ထိပ်ဆုံးက ... မင်းတို့တွေ ကျပ်ကျပ်သတိထား'

ရိပေါ် သူ့ကို ရုံးက ဝန်ထမ်းတွေ ထင်ကြေးပေးနေကြတာကို ကြည့်ပြီး ပြုံးရုံပဲ ပြုံးလိုက်တယ်။ ငါ စိတ်ကောင်းဝင်နေလို့ လွှတ်ထားပေးလိုက်မယ်။

Is it call love? ( Completed)حيث تعيش القصص. اكتشف الآن