Chapter 26

3.5K 504 8
                                    

Unicode

Ch-26 လင်းရွှမ်ဒေါသပေါက်ကွဲခြင်း

'' ဘယ်သူကများ မဟုတ်ဘူးလို့ ပြောနိုင်မှာလဲ? '' နှုတ်ခမ်းမွှေးနဲ့သက်လတ်ပိုင်းအရွယ်လူက ညည်းညူသည်။
'' ကျုပ်သာ ဒီနေ့ဒီလိုကိစ္စမျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် သေချာပေါက်အထိတ်တလန့်ဖြစ်သွားမိမှာ။ ဒီယွင်မိသားစုကသခင်မလေးက တကယ့်ကိုမရိုးရှင်းဘူးပဲ! ''

'' မရိုးရှင်းတာတော့အမှန်ပဲ။ သူကမျောက်ကိုခြောက်ဖို့ ကြက်ကိုသတ်ပြီးတဲ့နောက်မှာ ကျုပ်တို့ကိုမြှောက်ပင့်နေပြန်ရော။
သူ့နည်းလမ်းက အကွက်စေ့ဒေါင်စေ့နဲ့ ကစားသွားတာအရမ်းကောင်းတယ်။  ကံမကောင်းစွာနဲ့ပဲ ကျုပ်တို့ကအသိနောက်ကျပြီး အသည်းမမာတော့ သူ့လက်ခုပ်ထဲကရေဖြစ်သွားတာပေါ့ '' သူ့အပြောကိုတခြားလူတွေကပါ သံယောင်လိုက်၍ပြောကြသည်။ သူတို့က စီးပွားရေးလောကမှာ သမ္ဘာရင့်နေပြီ။ သူတို့တွေသာတစ်ခုခုကို သေသေချာချာတွေးတောလိုက်မယ်ဆိုရင် ကိစ္စတော်တော်များများကို သူတို့သိနိုင်တယ်။
'' သခင်မရဲ့သမီးက တကယ့်ကိုမလွယ်ဘူး။
ကျုပ်တို့လူအိုကြီးတွေက ပြဿနာမရှာသင့် ဘဲ ကျုပ်တို့မိသားစုတွေအေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ နေသွားနိုင်အောင်လုပ်ဖို့ပဲ စဥ်းစားရမှာ။ ဆိုင်ရှင်ယွမ်ရဲ့လမ်းစဥ်ကို လိုက်လို့မရဘူး။ သူအသက်ကြီးနေတာ တောင် နှင်ထုတ်ခံရပြီ ''

အတွေးတွေက ဆိုင်ရှင်တွေရဲ့စိတ်ထဲမှာ ပြည့်နေတယ်။  သခင်မလေးက ဆိုင်ရှင်ယွမ်ကိုပဲ နှင်ထုတ်လို့ရမယ်။ သူတို့အားလုံးကိုတော့ သူမနှင်ထုတ်နိုင်ဘူးလေ။ သူတို့ကလဲ သူတို့အလုပ်ကိုသဘောကျတာ​ကြောင့် ဘယ်သူကမှ နှင်ထုတ်တာမခံချင်ကြဘူး။ လစဥ်လစာကောင်းကောင်းရတာကို အသာထားဦး။
ယွင်မိသားစုနဲ့ဆက်နွယ်နေတဲ့ ဘယ်လုပ်ငန်းမဆို သူတို့အားလုံးမျက်နှာပန်းလှကြတယ်။
လူတွေဆိုတာ ချမ်းသာတဲ့အချိန်မှာပဲမြှောက်ပင့်ချီးကျူးကြတာ။ သူတို့မှာမရှိတဲ့ပစ္စည်းကောင်းတွေလည်း အများကြီးပဲရှိတယ်။

ဆိုင်ရှင်ယွမ်ကို သခင်မလေးက ထောင်တိစားသောက်ဆိုင်ကနေ နှင်ထုတ်လိုက်ပြီ။ သူ့ကိုစောင့်ကြိုနေမှာက သူရဲ့နာမည်ပျက်အပြင် ဘယ်သူမှလဲ သူ့ကိုငှားရဲတော့မှာမဟုတ်ဘူး။ သူနန်းမြို့တော်မှာဆက်နေဖို့ လုံးဝမဖြစ်နိုင်တော့ဘူး။

The Ultimate Business Lady [Myanmar Translation ]Donde viven las historias. Descúbrelo ahora