Unicode
Ch-39 ကုန်သည်အဖြစ်စတင်ခြင်း
ရှန့်ကွမ်မိသားစုမှာ ဘာတွေဖြစ်နေလဲဆိုတာ လင်းရွှမ်မသိသလို အဲ့အချိန်တုန်းက ရှန့်ကွမ်ယုံအန်းရှိနေမှန်းလဲ သူမသိဘူး။
သူမ့အရှေ့က ဘဏ်စာရွက်တွေကိုင်ထားတဲ့ ယွင်ပေါ်ကို ကြည့်လိုက်တော့ သူ့ပုံစံကနည်းနည်း စိတ်လှုပ်ရှားနေတဲ့ပုံပေါ်တယ်။ သူ့အနေနဲ့ အမှန်တကယ်ကြီးပြင်းလာဖို့ လိုသေးတယ်။
ဘေးနားက သူ့ကိုအကဲဖြတ်နေတဲ့ မားမားလင်ကို ကြည့်လိုက်ပြီး ဖြေးညင်းစွာပြောလိုက်တယ်။ '' မားမားလင် မီးဖိုချောင်ကိုသွားပြီး ငှက်သိုက်စွပ်ပြုတ် အဆင်သင့်ဖြစ်ပြီလားဆိုတာ သွားကြည့်လိုက် ''
မားမားလင်ကတော့ ဘယ်သွားချင်ပါ့မလဲ?
အရင်တစ်ခေါက် မမလေး သူမ့ကို သတိပေးထားပြီးကတည်းက သူမ့ရင်ထဲမှာ စိတ်တထင့်ထင့်ဖြစ်နေတာ။ ဒါပေမဲ့ သူမ ရှန့်ကွမ်မိသားစုကလူတွေကို မနာခံရင် သူမ့ယောကျာ်းနဲ့သား ဒုက္ခရောက်မှာကို သူမပိုပြီးစိုးရိမ်တယ်။ အဲ့လိုသာဆို သူမ့လိုအိုကြီးအိုမတစ်ယောက်တည်းကျန်ခဲ့မယ်ဆိုရင် အသက်ရှင်နေရတာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ?'' ကျွန်မ ခုနလေးတင်မှ သွားပြောထားတာပါ
မီးဖိုချောင်က အဆင့်သင့်ဖြစ်ဦးမှာ မဟုတ်ပါဘူး! '' မားမားလင်နည်းနည်းတွန့်ဆုတ်နေပြီးမှ သွားဖို့ငြင်းဆန်လိုက်တယ်။အကြီးဆုံးမမလေးက ဘာလို့ ယွင်ပေါ်ကို ငွေတစ်သောင်းတောင် ပေးလိုက်လဲဆိုတာ သူမသိဘူး။ အဲ့ဒါကြောင့် သူမဒီမှာနေပြီး အဖြေရှာချင်နေတာ။
မားမားလင်က ခေါင်းမာစွာနေဖို့ လုပ်နေတာကို မြင်တော့ လင်းရွှမ် အေးစက်စွာ စိုက်ကြည့်လိုက်တယ်။ နောက်ဆုံးတော့ မားမားလင် ရွေးစရာမရှိပဲ ဂါရဝပြုရင်း နောက်လှည့်ပြီး ထွက်သွားတယ်။
ဒါပေမဲ့ လင်းရွှမ်ကတော့ ဒါကို လုံလောက်တယ်လို့ မထင်ဘူး။ အဲ့ဒါကြောင့် မားမားလင် တံခါးနားမှာရောက်နေတုန်း သူထပ်ပြောလိုက်တယ်။ '' ချဲအာကို အထဲဝင်လာခိုင်းလိုက် ''
တံခါးနားရောက်နေတဲ့ မားမားလင်ရဲ့ ခြေလှမ်းတွေ ရပ်တန့်သွား၏။ အဆုံးမှာတော့ သူမ့ရင်ထဲက တောက်လောင်နေတဲ့ဒေါသကို ဖိနှိပ်ရင်း လှည့်တောင်မကြည့်ဘဲ ပြန်ဖြေလိုက်တယ်။ '' သိပါပြီ! ''
![](https://img.wattpad.com/cover/279507739-288-k176147.jpg)
YOU ARE READING
The Ultimate Business Lady [Myanmar Translation ]
RomanceOriginal Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is not my own.This is just for Fan Translation. Full credit to The ORIGINAL AUTHOR and English Translators. Starting date - 29/8/21 Both Unico...