Chapter 35

3.2K 450 9
                                    

Unicode

Ch-35 အကြွေးမပေးခြင်း

အရင်ကညီအစ်ကိုကောင်းတွေဆိုပြီး သူ့ကို မြှောက်ပင့်နေခဲ့ကြတဲ့သူတွေရဲ့ ဝါးစားတော့မတတ် ခက်ထန်နေတဲ့မျက်နှာထားတွေကို
ယွင်ပေါ်ကြည့်ပြီးတော့ အရမ်းကိုစိတ်ပျက်မိတယ်။

'' ငါ့စတုတ္တဦးလေးက မရှိတော့ဘူး။ ငါ့ကို ဒီလိုနေရာမျိုးကို အချိန်လာဖြုန်းဖို့ ဘယ်သူကမှ ပိုက်ဆံပေးတော့မှာမဟုတ်ဘူး။ အဲ့တာဆိုရင်ရော မင်းတို့နဲ့အတူတူပျော်ပါးဖို့ ငါ့ကိုဖိတ်ကြဦးမှာလား? '' ယွင်ပေါ်ရဲ့မျက်နှာက လေးနက်နေ၏။ သူအရှေ့ကလူတွေကိုကြည့်ပြီး သူတို့ရဲ့ငတုံးငအလိုဆက်ဆံခံရပြီး အသုံးချခံရတာထက်စာရင် သူများတွေ သူ့ကိုအထင်သေးတာက ပိုပြီးကောင်းတယ်လို့ သူသဘောပေါက်သွားတယ်။

သခင်လေးတို့အုပ်စုလည်း အချင်းချင်း
ကြည့်လိုက်ပြီး ဒီမေးခွန်းကို ဘယ်လိုဖြေရမလဲဆိုတာ မသိဘူးဖြစ်နေတယ်။

သူတို့အိမ်က အကြီးအကဲတွေက သူတို့ယွင်ပေါ်နဲ့ ပေါင်းနေတာကို လျစ်လျူရှုထားရတဲ့အကြောင်းက သူကအမြဲတမ်း ပိုက်ဆံရှင်းပေးပြီးတော့ သူတို့ပိုက်ဆံတွေ သုံးစရာမလိုလို့ ဖြစ်တယ်။ တကယ်လို့အနာဂတ်မှာ ယွင်ပေါ်မှာသာ ပိုက်ဆံမရှိတော့ရင် သူနဲ့ဆက်ပေါင်းစရာအကြောင်းမရှိတော့ဘူး။

သူတို့မျက်စိထဲမှာတော့ ယွင်အိမ်တော်ဆိုတာ အလယ်တန်းစားမိသားစုတောင် မဟုတ်ဘူး။ ယွင်ပေါ်မှာသာ ပိုက်ဆံမရှိရင် သူ့လိုလူမျိုးတွေနဲ့ ပေါင်းစရာအကြောင်း မရှိဘူး။

'' အားလုံးကသဘောမတူမှတော့ ငါအရင် နှုတ်ဆက်ခဲ့ပါတယ် '' လူတိုင်းက နှုတ်ဆိတ်နေတာကို မြင်တော့ ယွင်ပေါ် သရော်ဟန်ဖြင့်ပြောလိုက်တယ်။

'' ယွင်ပေါ် ဘာပဲဖြစ်ဖြစ် မင်းဒီနေ့ ပိုက်ဆံရှင်းသွားရမယ် '' သူတို့ရဲ့အိတ်ကပ်ထဲကငွေပမာဏကိုတွေးကြည့်တဲ့အခါ သူတို့တွေအားလုံး ငွေတစ်ထောင်ကိုခွဲဝေပြီး ငွေစုရှင်းမယ်ဆိုရင်တောင်မှ အိမ်ပြန်ရောက်ရင် အရိုက်ခံရမှာသေချာတယ်။ တချို့လူတွေရဲ့ယုတ်မာရက်စက်တဲ့အကြည့်တွေက ယွင်ပေါ်ဆီမှာတဝဲလည်လည်ဖြင့် ထွက်သွားလို့မရအောင်လုပ်နေကြတယ်။

The Ultimate Business Lady [Myanmar Translation ]Tahanan ng mga kuwento. Tumuklas ngayon