Chapter 13

3.9K 561 3
                                    

Unicode

Ch-13 ရွှေငွေထောင်ချီဆု​ကြေးငွေ

'' ရွှမ်အာက ကံမကောင်းပါဘူး...အဖေနဲ့ အမေ.. .အဘွား....'' စိတ်မကောင်းစရာ အပိုင်းကိုရောက်တော့ လင်းရွှမ် သခင်မကြီးယွင်ခဲ့ရဲ့ရင်ခွင်ထဲတိုးဝင်ကာ အဆက်မပြတ်ငိုကြွေးမိသည်။

သူမ့ရင်ခွင်ထဲတွင်ငိုနေသည့်ကလေးကိုကြည့်ရင်း သခင်မကြီးယွင်ခဲ့တစ်ယောက်မျက်လုံးတွေနီရဲလာတယ် '' အရင်အချိန်တွေတုန်းက အဘွားကမင်းအမေကို ယွင်အိမ်တော်ကိုမဝင်စေချင်ရတဲ့အကြောင်းက မင်းအမေကအရမ်းထက်မြက်လွန်းလို့ပဲ။ သူကမင်းအဖေထက်တောင် သာလွန်တဲ့အရည်အချင်းတွေရှိတယ်။ ယွင်မိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုကြည့်ရင် သမီးသိမှာပါ။ ဒါပေမဲ့ အခုတော့လူကမရှိတော့ဘူး။ ဒီအကြောင်းတွေပြောနေလို့ရော ဘာအဓိပ္ပါယ်ရှိတော့မှာလဲ?  ''

ကမ္ဘာပေါ်မှာကြေကွဲဖို့အကောင်းဆုံးအရာက အသက်ကြီးရင့်သူတွေက ကိုယ့်ထက်အငယ်တွေရဲ့နောက်ဆုံးခရီးကို လိုက်ပို့ရတာပင်။ 

'' အမေရယ် ကိစ္စတွေကလဲ ဖြစ်ပြီးသွားပြီ။
အရမ်းစိတ်မထိခိုက်ပါနဲ့။ ကောင်းကင်ကနေ ညီလေး၄က အမေဒီလိုဝမ်းနည်းနေတာကို မြင်ရင် သူစိတ်မကောင်းဖြစ်လိမ့်မယ် '' ယွင်ရှောင်နှစ်သိမ့်ဖို့ကြိုးစားရင်း
'' အခုအချိန်မှာ အရေးအကြီးဆုံးက သူတို့အတွက် အသုဘပြင်ဆင်ပေးဖို့ပဲ။ နောက်ပြီး ယွင်ထောင်ကိုရှာဖို့ လူတွေလွှတ်ရမယ်။
သူကညီလေး၄ရဲ့တစ်ဦးတည်းသောသားပဲ သူတစ်ခုခုဖြစ်လို့မရဘူး! ''

'' ဟုတ်ပြီ ဟုတ်ပြီ..ထောင်အာ...မြန်မြန် လူလွှတ်ပြီးသူ့ကိုရှာခိုင်းလိုက် '' သူ့လေးယောက်မြောက်သားမှာ သားတစ်ယောက်ရှိသေးတာကို သခင်မကြီးသတိရသွားပြီး ချက်ချင်းပဲ စိတ်လှုပ်ရှားလာသည်။

ဒီမြင်ကွင်းကိုလင်းရွှမ်မြင်လိုက်ရတော့
သူ့ကိုယ်သူသတ်ပစ်ချင်လောက်အောင် မုန်းတီးမိပြီး အပြစ်ရှိသလိုခံစားမိတယ်။

အရင်ဘဝက သူဒီမြင်ကွင်းကိုလုံးဝမမြင်ခဲ့ဘူး။ မားမားလင်ရဲ့သွေးခွဲစကားတွေကိုပဲ နားထောင်ပြီးတော့ သူ့အဘွားက သူ့အမေကိုမုန်းတီးနေတာမလို့ သူ့အမေကိုမကောင်းတာတစ်ခုခုလုပ်လိမ့်မယ်လို့ သူထင်ခဲ့တယ်။ အခုတော့ သူ့မိဘတွေ ကွယ်လွန်သွားတဲ့အခါမှာ သူ့အဘွားက အရင်ကအချစ်အမုန်းတွေကို ဂရုမစိုက်တော့ဘဲ သူတို့နှစ်ယောက်လုံး ကောင်းရာဘုံဘဝသို့ရောက်ဖို့ပဲ မျှော်လင့်နေတော့သည်။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now