Unicode
Ch-28 နောက်ဆုံးသောသတိပေးခြင်း
အဲ့ဒါကိုတွေးလိုက်မိတော့ မားမားလင်ခန္ဓာကိုယ်ထဲမှာ အားအင်တစ်စက်မှမကျန်တော့သလိုခံစားလိုက်ရသည်။
လင်းရွှမ်သည် ကြမ်းပြင်မှာပျော့ခွေနေတဲ့မားမားလင်ကို ဂရုမစိုက်ဘဲ အိမ်တော်ထဲမှာတစ်ယောက်တည်းလမ်းလျှောက်ရင်း ရှေ့လျှောက်ဖြစ်လာမယ့် အခြေအနေတွေကို
စဥ်းစားနေတယ်။သူမ့မိဘတွေကွယ်လွန်သွားပြီးတဲ့နောက်မှာ
လူတွေအများကြီးက ယွင်မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေကို မျက်စိကျနေကြ တာ။ ပြီးတော့ အဲ့ဒီပိုင်ဆိုင်မှုတွေအားလုံးက ဆယ်နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့လက်ထဲမှာရှိနေတာကို လူတော်တော်များများက လက်မခံချင်ကြဘူး။ ရှေ့ဆက်ဖြတ်ကျော်ရမယ့်လမ်းက အရှည်ကြီးရှိသေးတယ်ဆိုတာ သူမသိတယ်။ အခုချိန် အခက်ခဲဆုံးအတားအဆီးက ရှန့်ကွမ်မိသားစုနဲ့ အတိုက်အခံလုပ်ဖို့ပဲ။အခု သူမကရှန့်ကွမ်ယန်လန်ရဲ့တောင်းဆိုမှုကို ပြတ်ပြတ်သားသားငြင်းလိုက်ပေမယ့် နောက်အခါတွေကျရင်ရော ဘယ်လိုလုပ်မလဲ? သူမတစ်ကြိမ်ပြီးတစ်ကြိမ်ငြင်းဆန်နေမယ်ဆိုရင် ရှန့်ကွမ်အိမ်တော်ကသူမ့ကို အငြိုးထားလိမ့်မယ်။ အခုချိန်မှာ ရှန့်ကွမ်အိမ်တော်ကိုဖြုတ်ချနိုင်တဲ့အင်အားမျိုး သူမ့မှာမရှိသလို သူတို့နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးလည်းမတည်ဆောက်နိုင်ဘူး။ ဒီတော့ ရှေ့ဆက်ပြီးဘာလုပ်သင့်သလဲ?
အမှန်တကယ်တော့လင်းရွှမ်ဟာ ရှန့်ကွမ်မိသားစုနဲ့ရေစက်ကို အပြီးတိုင်ဖြတ်ပစ်လိုက်ချင်တာ။ ဒါပေမဲ့ သူမအဲ့လိုသာလုပ်လိုက်ရင်
သူမ့ကိုရိုင်းစိုင်းပြီး ကျေးဇူးမသိတတ်လူလို့ ဝိုင်းအစွပ်စွဲခံရမှာ။ ဘယ်လိုပဲပြောပြော သူမ့အမေက ရှန့်ကွမ်မိသားစုကဖြစ်ပြီး သူမ့မိဘတွေ ကွယ်လွန်သွားပြီးတဲ့နောက်မှာ သူတို့နဲ့ ဆက်ဆံရေးဖြတ်တောက်လိုက်မယ်ဆိုရင် ဖြစ်လာမယ့်ပြဿနာတွေက သူမ့ကိုသိက္ခာကျစေလိမ့်မယ်။ အဲ့ဒါကြောင့်သူမအဲ့လိုလုပ်လို့ လုံးဝမဖြစ်ဘူး။'' အကြီးဆုံးသခင်မလေး '' လင်းရွှမ်က သူမ့ကိစ္စပဲစဥ်းစားနေတာမို့ အနောက်မှာ ဦးလေးဟယ်ပါလာတာကို သတိမထားမိဘူး။
![](https://img.wattpad.com/cover/279507739-288-k176147.jpg)
VOUS LISEZ
The Ultimate Business Lady [Myanmar Translation ]
Roman d'amourOriginal Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is not my own.This is just for Fan Translation. Full credit to The ORIGINAL AUTHOR and English Translators. Starting date - 29/8/21 Both Unico...