Chapter 31

3.3K 472 5
                                    

Unicode

Ch-31 အရပ်ဘက်နှင့်စစ်မှုရေးရာတွင် အရည်အချင်းမရှိခြင်း 

'' နင်ဘာလုပ်ချင်တာလဲ? '' ဒီလိုချောက်ချား စရာကောင်းတဲ့လေထုကြောင့် ယွင်ပေါ် စိတ်ညစ်လာတယ်။ သူယွင်လင်းရွှမ်ကို ကြည့်ပြီး ဒေါသတကြီးပြောလိုက်တယ်။
'' နင့်မိဘတွေသေသွားပြီဆိုပြီး ငါခွင့်လွှတ်မှာ မဟုတ်ဘူးနော်။ ငါ့ကိုဒေါသထွက်အောင် လာလုပ်ရင် အချိန်မရွေးငါနင့်ကို
ရိုက်ပစ်မယ် ''

'' အပြင်ပန်းမှာတော့ ယွင်အိမ်တော်က အထင်ကြီးစရာပါပဲ... ဦးလေးတွေကလည်းအရာရှိတွေ။ ဒါပေမယ့် အစ်ကိုဝမ်းကွဲတွေကတော့ စာပေမှာလည်းမထူးချွန် ၊သိုင်းပညာလည်းမကျွမ်းကျင်ကြဘူး။ အဲ့တာဆို အနာဂတ်မှာ ဘယ်သူကယွင်အိမ်တော်ကိုဦးဆောင်မှာလဲ? '' ဒီအချက်ကအနာဂတ်မှာ ယွင်မျိုးနွယ်စုဖျက်ဆီးခံခဲ့ရတဲ့ အဓိကအကြောင်းရင်းပဲ။

ယွင်အိမ်တော်က အရာရှိလမ်းကြောင်းပေါ် မှာပဲ ရပ်တည်နေခဲ့ကြပြီး ယွင်မိသားစုထဲမှာသိုင်းပညာရှင်တွေရှိလာမယ်ဆိုတဲ့အချက်ကို သဘောမကျကြဘူး။ သူမရဲ့ဒုတိယအစ်ကိုဝမ်းကွဲဆိုရင် စစ်ထဲဝင်ချင်လွန်းလို့ တစ်ပိုင်းသေနေပြီ။ ဒါပေမဲ့မိသားစုကခွင့်မပြုခဲ့တာကြောင့် သူသေသွားခဲ့တဲ့အချိန်မှာတောင် လူကခံစားချက်မဲ့နေခဲ့ပြီ။ ပြီးတော့ သူမ့ရှေ့က ယွင်ပေါ်ဆိုရင် ယွင်မိသားစုဖျက်ဆီးမခံရခင်မှာ ရဲမက်တွေဝိုင်းရိုက်လို့ သေခဲ့ရတာ။

သူအမြဲတမ်းအထင်သေးနေခဲ့တဲ့ သူဆီကနေ အလှောင်ခံရတာက တကယ့်ကို ခံစားလို့မကောင်းဘူး။

'' ဟမ့်! ငါကစာပေရော သိုင်းပညာရော
မတော်ရင်တောင်မှ နင့်ထက်တော့သာတယ်! ယွင်လင်းရွှမ် နင့်အဖေကအကျင့်သိက္ခာမရှိတဲ့သူပဲ။ နင့်အမေကြောင့် သူကယွင်အိမ်တော်ကနေထွက်သွားပြီး သူ့စီးပွားရေးကို သူ့ဘာသာထူထောင်ခဲ့တယ်။ သူတို့ချန်ထားခဲ့တဲ့စည်းစိမ်ဥစ္စာတွေက ဘယ်သူ့လက်ထဲရောက်သွားမလဲဆိုတာ ကြည့်ချင်သေးတယ်။ ဟားဟား.. အနည်းဆုံးတော့ ငါ့မှာ ကာကွယ်ပေးမယ့်မိဘတွေ ရှိသေးတယ်။ နင့်လိုမျိုး ကာကွယ်ပေးမယ့်သူ မရှိတာမဟုတ်ဘူး! '' ယွင်ပေါ်က အလိုလိုက်ခံထားရတာမလို့ သူ့စကားတွေက လုံးဝကိုစဥ်းစားဉာဏ်မရှိဘူး။ သူ့ကိုတခြားသူတွေ လှောင်ပြောင်တာကို လက်မခံနိုင်ဘူးဖြစ်နေတယ်။

The Ultimate Business Lady [Myanmar Translation ]Wo Geschichten leben. Entdecke jetzt