Chapter 36

3.3K 474 7
                                    

Unicode

Ch-36 ငွေတစ်သောင်း

'' မင်းစတုတ္တဦးလေးက သေသွားပြီဆိုမှန်တယ်။ ဒါပေမဲ့ ယွင်အိမ်ရဲ့လုပ်ငန်းတွေက တော့ ရှိနေတုန်းပဲလေ။ မင်းသွားပြီး နည်းနည်းပါးပါး ပြဿနာရှာလိုက်ရင် အဲ့ဒီငွေတစ်ထောင်လောက်ကိုမရဘဲနေပါ့မလား! '' ကျန်းကျီလဲ့အဲ့တာကို တွေးမိတော့ ချက်ချင်းစိတ်တွေ လှုပ်ရှားလာတယ်။

အခြားသခင်လေးတွေလဲ ကျန်းကျီလဲ့ရဲ့ စကားကို ကြားတော့ မျက်လုံးတွေက အရောင်တောက်လာတယ်။ ဒီနည်းက အကောင်းဆုံးပဲလို့ တွေးနေကြတယ်။

'' အဲ့ငွေတစ်ထောင်ရပြီးရင်ရော ဘာဆက်ဖြစ်မှာလဲ? ငါက မင်းတို့တွေနဲ့ ဆက်ပြီး အလေလိုက်နေရဦးမှာလား? နောက်တစ်ခါ ငါပိုက်ဆံထပ်မပေးနိုင်ရင် မင်းတို့တွေက ငါ့ကိုပိုက်ဆံရှင်းခိုင်းပြီး နောက်တော့ ပျော်ပျော်ကြီး ထပ်လွှင့်ပစ်လိုက်ကြမှာပဲလေ။ ငါပြောတာ မှန်တယ်မလား! '' ဒီလူတွေရဲ့မျက်နှာအစစ်အမှန်ကို မြင်ပြီးတဲ့နောက် သူတို့နဲ့ဆက်ပြီးပေါင်းနေဦးမယ်ဆိုရင် သူကတကယ့်ကို အရူးထိပ်ခေါင်ဖြစ်နေပြီ။

'' မင်းဘာပဲပြောပြော ဒီနေ့ပွဲမှာ မင်းလဲပါတာပဲ။ မင်းပိုက်ဆံမပေးရင်တော့ ဒီထက်ဆိုးတာ ကြုံရလိမ့်မယ် '' သူတို့တွေအားလုံးက သားကောင်ကို ချောင်းနေတဲ့ကျားလိုမျိုး တစစီလုပ်ပစ်ဖို့မစောင့်နိုင်တော့ပုံစံတွေနဲ့ ယွင်ပေါ်ကိုစိုက်ကြည့်နေကြတယ်။

ယွင်အိမ်က ပိုက်ဆံရှိတယ်ဆိုတာ သူတို့သိပြီးသားပဲ။ ယွင်ချင်းကလဲ ယွင်ပေါ်ကို ကောင်းကောင်းဆက်ဆံတယ်။ သူ့ကိုပေးတဲ့မုန့်ဖိုးကလဲ ပုံသေမဟုတ်ဘူး။ ယွင်ပေါ်သာ သုံးချင်ရင် ယွင်ချင်းက ပေးလိုက်တာပဲ။ သူ့အဖေရင်းထက်တောင် ပိုကောင်းသေးတယ်။

သူတို့တွေ ယွင်ပေါ်ကို အားကျပြီး မနာလိုဖြစ်ပေမဲ့ သူတို့တွေဒီလိုမျိုးစားသောက် ပျော်ပါးချင်တယ်ဆိုရင် သူတို့တွေ ယွင်ပေါ်ကို
ဆက်ပြီးကပ်ဖားရပ်ဖားလုပ်နေဖို့လိုတယ်။

ဒါပေမဲ့ အခုယွင်ပေါ်က ပုံမှန်ပေးနေကျ
အတိုင်း မပေးရုံတင်မက ဒီနေ့အတွက်လဲ ငွေမရှင်းပေးချင်ဘူးဆိုတာ ကြားလိုက်ရတော့ သူတို့ရဲ့ယုတ်ညံ့တဲ့စိတ်ဓာတ်တွေ ပေါ်လာတယ်။ သူတို့သာ နည်းနည်းလေး ထပ်ပြီးခြောက်လန့်လိုက်ရင် အရင်လိုသူတို့ခိုင်းတိုင်းလုပ်မယ့် ရုပ်သေးရုပ်ပြန်ဖြစ်သွားမယ်လို့ ထင်နေကြတယ်။ ပိုက်ဆံရှင်းတယ်ဆိုတာ သူတို့အလုပ်မှမဟုတ်တာ။
[T/N-အမေးဇင်း😑]

The Ultimate Business Lady [Myanmar Translation ]Donde viven las historias. Descúbrelo ahora