Unicode
Ch-24 အဓိပ္ပါယ်မရှိလိုက်တာ
'' ဦးလေးရဲ့စကားက တကယ့်ကို ရယ်စရာကောင်းတာပဲ။ အမဝမ်းကွဲက ရှန့်ကွမ်အိမ်တော်ရဲ့သခင်မလေးလေ။ ယွင်အိမ်တော်ရဲ့သခင်မလေးမှမဟုတ်တာ။
ယွင်မိသားစုမှာ ဘယ်လောက်ပဲပစ္စည်းတွေအများကြီးရှိရှိ အမဝမ်းကွဲကိုပေးကိုပေးရမယ်ဆိုတာမျိုးမှမဟုတ်တာ!? နောက်ပြီး
ရွှမ်အာရဲ့အစ်ကိုကမှ ယွင်အိမ်ရဲ့ပိုင်ဆိုင်မှုအားလုံးကို ရပိုင်ခွင့်ရှိတာ။ ယွင်အိမ်တော်ကတောင် ယွင်အိမ်ရဲ့ကိစ္စကိုဝင်မပါဘူး။
ဦးလေးက ဝင်ပြီးဂရုစိုက်ပေးချင်လို့လား? '' ယွင်လင်းရွှမ်၏ ပုံမှန်နဲ့မတူဘဲအေးစက်စက်လေသံကြောင့် ရှန့်ကွမ်လျန်ရဲ့မျက်နှာကသုန်မှုန်လျက် ကြောက်စရာကောင်းနေ၏။ လင်းရွှမ်ရဲ့မှတ်ဉာဏ်ထဲက ရှန့်ကွမ်လျန်နဲ့တစ်စက်ကလေးမှမတူတော့ဘူးပဲ။'' မမလေး ဒီထောင်တိစားသောက်ဆိုင်ရဲ့ စီးပွားရေးက တစ်နေ့တခြားဆိုးလာတာ။ကျွန်တော်တို့ဘာလုပ်ရမလဲ ပြောပြပါလား? ''
ရှန့်ကွမ်မိသားစုကလူတွေ ချောင်ပိတ်ပြီးအကျပ်ရိုက်နေတာကိုမြင်တော့ ဆိုင်ရှင်ယွမ်ကကူညီပေးဖို့ ပါးစပ်ဟလိုက်သည်။လူတိုင်းရဲ့အကြည့်တွေက ယွင်လင်းရွှမ်ဆီ ကျရောက်လာပြီး ဒီကလေးမက အသက်ငယ်ငယ်လေးနဲ့ ခေါင်းအတော်မာသားဆိုပြီး တွေးနေကြတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်
သူမကတမူထူးခြားတယ်ဆိုတာကို သိနိုင်တယ်။ သို့ပေမဲ့ အရည်အချင်းကတမူထူးခြားတယ်ဆိုဦး ဒီကလေးမလေးက စီးပွားရေးအကြောင်း နားရောလည်လို့လား?နှမြောစရာကောင်းတာက ဆယ်နှစ်အရွယ်ကလေးမလေးရဲ့ကိုယ်ထဲမှာ အတိတ်ကဝိညာဥ်ရှိနေပြီး သူမကစီးပွားရေးတင်မက အရာရှိအသိုင်းအဝိုင်းထဲမှာတောင် တခြားသူတွေထက်ပိုသိနေတာကို ဘယ်သူမှမသိကြဘူး။
'' အဲ့မေးခွန်းကို ရှင့်ကိုဒီမမလေးက မေးရမှာ '' ယွင်လင်းရွှမ်ရဲ့အကြည့်တွေ စူးရှသွားပြီး
ဆိုင်ရှင်ယွမ်ကိုစိုက်ကြည့်ရင်း စကားလုံးတစ်လုံးချင်းစီကို ရှင်းရှင်းလင်းလင်းပြောလိုက်တယ်။ '' ထောင်တိစားသောက်ဆိုင်က ကျွန်မမိဘတွေပထမဆုံး စတင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းဖြစ်ပြီးတော့ ဆယ်စုနှစ်တစ်ခုလောက် အခိုင်အမာရပ်တည်နိုင်ခဲ့တယ်။ နန်းမြို့တော်တင်မက လေးနိုင်ငံအထိပါသတင်းမွှေးခဲ့တာ။ ဒီနှစ်တွေအတွင်းမှာ အဖေနဲ့အမေက ထောင်တိစားသောက်ဆိုင်ကို သိပ်ပြီးဂရုမစိုက်ခဲ့ဘဲနဲ့ အရာအားလုံးကို ဆိုင်ရှင်ယွမ်အပေါ်မှာထားတဲ့ ယုံကြည်မှုပေါ်မှာပဲ ပုံအပ်ထားခဲ့တာ။ အမေက ဒီလိုစကားမျိုးမကြာခဏ ပြောခဲ့တယ် ' သူယုံကြည်တဲ့သူတွေကိုပဲသုံးမှာ သူမယုံကြည်တဲ့သူတွေကိုတော့ လုံးဝမသုံးဘူး 'တဲ့။ အဲ့တာကြောင့် ဆိုင်ရှင်ယွမ်ဆီကလာတဲ့ ငွေစာရင်းတွေဆို အမေကဘာသံသယမှမရှိဘဲ လက်ခံပေးခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကျွန်မမိဘတွေ ကွယ်လွန်တာမှ မကြာသေးဘူး ထောင်တိစားသောက်ဆိုင်ရဲ့စီးပွားရေးက တဖြည်းဖြည်းကျဆင်းနေပြီ။ ကျွန်မကြည့်ရသလောက်တော့ ပြဿနာက စီးပွားရေးမဟုတ်ဘဲ လုပ်ငန်းကိုသေချာဂရုမစိုက်နိုင်တဲ့ဆိုင်ရှင်ယွမ်ကြောင့်လို့ ထင်တယ်။ အခြေအနေတွေက ဒီလိုဖြစ်လာမှတော့ ရှင်နစ်နာကြေးယူပြီး အငြိမ်းစားယူလို့ရပြီ! ''
YOU ARE READING
The Ultimate Business Lady [Myanmar Translation ]
RomanceOriginal Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is not my own.This is just for Fan Translation. Full credit to The ORIGINAL AUTHOR and English Translators. Starting date - 29/8/21 Both Unico...