Chapter 17

3.7K 496 5
                                    

Unicode

Ch-17 ကတိစကားဖျက်ခြင်း

သူ့မိဘတွေပြောတဲ့ ရှန့်ကွမ်မိသားစုအတွက် ကောင်းတဲ့ကိစ္စတွေဖြစ်လာမယ်ဆိုတာကို သူနားမလည်ဘူး။ သူသိတာကယွင်လင်းရွှမ်ကို စည်းရုံးနိုင်ရင် ယွင်လင်းရွှမ်ပိုင်တဲ့ပစ္စည်း ကောင်းတွေက သူ့ဟာဖြစ်လာလိမ့်မယ်။

သူ့အဒေါ် ရှန့်ကွမ်ယွမ်က ယွင်လင်းရွှမ်အပေါ်အရမ်းဂရုစိုက်ပြီး ကောင်းပေ့ဆိုတဲ့ပစ္စည်းတွေကိုပဲပေးတာ။ ခွက်လေးတစ်ခွက်ဆိုတောင်မှ နွေးတဲ့ကျောက်စိမ်းနဲ့ထုထွင်းထားပြီး ရတနာတွေနဲ့စီခြယ်ထားတာမျိုး။
ဒီလိုကြွယ်ဝချမ်းသာမှုက လူအများကိုမနာလိုစေတယ်။

သူ့အမေစကားကို နားထောင်ပြီး ယွင်လင်းရွှမ်နားမှာရှိနေရတာက သူ့ကိုနန်းမြို့တော်ကသခင်မလေးတွေကြားမှာ နာမည်အကြီးဆုံးလူဖြစ်အောင်လုပ်ပေးနိုင်တဲ့ပစ္စည်းတွေကို လိုချင်လို့ပဲ။ လူတွေဆီကနေဝိုင်းပြီးချီးမွမ်းခံရတာကို သူမသဘောကျတယ်။ 

သူမသိတာတစ်ခုက ယွင်လင်းရွှမ်သာ သူ့ကိုသဘောမကျတော့ရင် သူမမျက်စိကျနေတဲ့လက်ဝတ်ရတနာတွေက သူ့ဥစ္စာမဖြစ်နိုင်တော့ဘူး။ အဲ့တာဆိုနောက်ကျရင် သူဘယ်လိုလုပ်နန်းမြို့တော်က အဲ့ဒီသူဌေးသမီးတွေရှေ့မှာ ခေါင်းမော့နေနိုင်တော့မှာလဲ?

အဲ့တာကိုတွေးမိတော့ သူမစိတ်ပူသွားကာ
သူမရဲ့ရန်စကားတွေကို ယွင်လင်းယန်ကြား မကြား သူဂရုမစိုက်တော့ဘူး။ ယွင်လင်းရွှမ်က အရင်တုန်းကယွင်လင်းရွှမ်ဖြစ်နေဖို့ပဲ သူမျှော်လင့်တယ်။

ယွင်လင်းယန်ကိုစော်ကားပြောဆိုနေသည့်
ရှန့်ကွမ်ယန်လန်ရဲ့စကားတွေကို လင်းရွှမ် စိတ်မဆိုးသလို ဘာမှလည်းမရှင်းပြဘူး။ သူဘာအမှားများလုပ်မိလို့လဲဆိုပြီး ဘာပြောရမှန်းမသိဖြစ်နေသည့် ငယ်ရွယ်ပြီးအပြစ်ကင်းတဲ့ယွင်လင်းယန်ကို သူမလှည့်ကြည့်ရင်း နူးညံ့စွာ ပြောလိုက်တယ် '' အမဝမ်းကွဲ... သူကအဖေရဲ့သမီးလေ။ အဲ့တော့ညီမရဲ့ညီမအရင်းပဲပေါ့ ....အခု အစ်ကိုကအနားမှာမရှိတော့ ညီမတို့နှစ်ယောက်ပဲ အချင်းချင်းအားကိုးရတော့မှာ! ''

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now