Chapter 29

3.5K 481 4
                                    

Unicode

Ch-29 အစ်ကိုဝမ်းကွဲ ယွင်ပေါ်

ဒီအချိန်ကျမှပဲ မိုချီလင်းရွှမ်ရဲ့စကားတွေကို လင်းရွှမ်ရုတ်တရတ်သတိရလာတယ် '' မင်းအမေက သေသင့်တယ်။ သူမသေလို့ရှိရင် ငါထီးနန်းတက်မယ့်လမ်းမှာ သူကအကြီးမားဆုံး အဟန့်အတားပဲ ''

တစ်ယောက်ယောက်က ယွင်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို မျက်စိကျနေပြီး အမှောင်ထဲကနေ ကြံစည်နေတာကို သူမ့အမေကသိနေခဲ့တာပဲ။ ဒါပေမဲ့ လင်းရွှမ်က ရှန့်ကွမ်မိသားစုနဲ့ရင်းနှီးနေခဲ့တာကြောင့် ဦးလေးဟယ်က သူမကိုသတိပေးချက်ကို မပြောခဲ့တဲ့အတွက်
အရင်ဘဝက ကံကြမ္မာဆိုးကြီးကို ကြုံတွေ့ခဲ့ရတာ။

' ဒီဘဝမှာတော့ အဲ့လိုကိစ္စမျိုးတွေ လုံးဝဖြစ်လာမှာမဟုတ်ပါဘူး။ အမေ... အေးအေးချမ်းချမ်း အနားယူပါ။ သမီးအသက်ဆုံးရှုံးရမယ်ဆိုရင်တောင်မှ  ယွင်မိသားစုကို ကာကွယ်ပြီး နောက်ထပ် မကျရှုံးစေရပါဘူး '

သူ့အဖေနဲ့အမေ ကွယ်လွန်သွားတာကြောင့် လင်းရွှမ်သုံးနှစ်တာပူဆွေးဖို့ လိုအပ်တယ်။
သူမကိုသားသမီးဝတ်မကျေဘူးလို့ အပြောမခံရအောင် ပွဲတော်တွေလဲ တက်လို့မရသလို တခြားသူတွေရဲ့ဝေဖန်တာတွေကိုရှောင်ဖို့ အပြင်တွေဘာတွေလဲ သွားလို့လည်းမရဘူး။

သူမအပြင်ကို ထွက်လို့မရဘူး။ ဒါမဲ့ သူမ့မှာလုပ်စရာတွေ အများကြီးရှိနေတယ်။

'' ချဲအာ ဦးလေးဟယ်ကိုသွားပြောလိုက်
ယွင်အိမ်တော်ကိုသွားပြီး တတိယဦးလေးရဲ့ သား,ယွင်ပေါ်ကို ငါတို့အိမ်တော်ကို လာဖို့သွားဖိတ်ခိုင်းလိုက် '' လင်းရွှမ်သတိပေးထားလို့ အပိုးကျိုးနေတဲ့မားမားလင်ကို လျစ်လျူရှုကာ ဘေးမှာရပ်နေတဲ့ချဲအာကို ပြောလိုက်တယ်။

ချဲအာရဲ့မျက်လုံးထဲမှာ အံ့သြသွားတဲ့အရိပ်အယောင်တော့ ရှိနေပေမဲ့ ကျိုးနွံ့စွာ ဂါရဝပြုရင်း ပြောလိုက်တယ် '' ကျွန်မအခု ချက်ချင်းသွားလိုက်ပါမယ် ''

'' မမကလဲ အစ်ကိုဝမ်းကွဲယွင်ပေါ်က အရမ်းဆိုးတာ။ သူကညီမလေးတို့ကို အမြဲအနိုင်ကျင့်နေတာ။ ဘာလို့သူ့ကို ညီမလေးတို့​အိမ်ကို လာဖို့ခေါ်လိုက်တာလဲ? '' လင်းယန်က ပွစိပွစိပြောသည်။ ဒီရက်တွေအတွင်းမှာ သူ့ကိုသေချာ ဂရုစိုက်ပေးလို့ သူမရဲ့မျက်နှာသွင်ပြင်တွေက တဖြည်းဖြည်း ပေါ်လွင်လာပြီး သူတို့အဖေ,ယွင်ချင်းနှင့် အတော်လေးတူလာသည်။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now