Unicode
Ch-21 သခင်ကိုကျော်ချင်တဲ့ အစေခံအို
လင်းရွှမ် ဘေးမှာရပ်နေတဲ့မားမားလင်ဆီ ဖျတ်ခနဲလှမ်းကြည့်ပြီး အေးစက်စွာပြောလိုက်တယ် '' ဦးလေးဟယ် မားမားလင်ကနေလို့မကောင်းဘူး။ သူ့ကိုခေါ်ပြီးနားခိုင်းလိုက်! ''
'' မမလေး ဒီအစေခံ...'' သခင်မလေးပြောတာကို မားမားလင်ကြားတော့စိတ်ခုသွား
တယ်။ ဒါပေမဲ့ သူမမလေးရဲ့ အေးစက်တဲ့အကြည့်တွေနဲ့ဆုံသွားတော့ သူ့ဇက်ပုသွားပြီး ဒေါသတွေကို သူ့လည်ပင်းထဲပြန်မြိုချလိုက်ရတယ်။'' Tsk..tsk..မမလေးရဲ့အကျင့်စရိုက်က တယ်ကောင်းပါလား။ ဒါကအကြီးကို ဆက်ဆံတဲ့ပုံစံလား? မားမားလင် ကျုပ်တော့ ခင်ဗျားအတွက် တကယ်စိတ်မကောင်းဖြစ်မိတယ် ''
မားမားလင်က သူတို့အတွက် စကားတစ်ခွန်း နှစ်ခွန်းဝင်ပြောပေးမိတာကြောင့် ယွင်လင်းရွှမ်က ဒီလိုလုပ်တာကို သူသိတာပေါ့။ အဲ့တာကြောင့် သူမနေနိုင်ဘဲ မားမားလင်အတွက်ပြန်ကူပြောပေးလိုက်တယ်။
'' ဆိုင်ရှင်ယွမ်.... ရှင်ဆက်..မပြောပါနဲ့တော့ ''
မားမားလင်ကမသိရင် သူပဲမတရားနစ်နာခံရတဲ့ပုံစံဖြင့် မဝံ့မရဲတောင်းဆိုသလိုပြောသည်။ဦးလေးဟယ်ကတော့ မားမားလင်ရဲ့ ဟန်လုပ်နေတဲ့ပုံစံကိုကြည့်ကာ မမလေးကတကယ်နစ်နာနေရတာပဲဟုတွေးမိပြီး
ခေါင်းတခါခါဖြင့်သက်ပြင်းချမိတယ်။ ဒီမားမားလင်ကတကယ့်ကို လူကောင်းမဟုတ်ဘူးပဲ။'' အကြီး? ဆိုင်ရှင်ယွမ် မားမားလင်က ဘယ်အိမ်ရဲ့အကြီးအကဲလို့ ရှင်ကထင်နေတာလဲ? '' လင်းရွှမ်ထရပ်လိုက်ပြီး ခန်းမအလယ်၌မတ်တပ်ရပ်ကာ မထီမဲ့မြင်ပြောလိုက်တယ်။
'' အမှန်ပါပဲ ဒီမှာရှိတဲ့လူတိုင်းက ကျွန်မ့အမေ စီးပွားရေးစလုပ်တုန်းက ရွေးချယ်ခဲ့တဲ့သူ တွေပဲ။ ပြီးတော့ ရှင်တို့အားလုံးအတွက် သူအလုပ်ပေးခဲ့တယ်။ သူ့စီးပွားရေး ပိုကောင်းလာတုန်းကဆိုရင် ရှင်တို့တွေ အကုန်လုံးက မျက်နှာပန်းပွင့်ကြတဲ့အပြင် အင်အားကောင်းတဲ့ဆက်ဆံရေးတွေကို အသုံးချပြီး အကျိုးကျေးဇူးတွေအများကြီးရခဲ့ကြတယ်။ ပြောရရင် ရွှေနားကပ်နဲ့ပါးပြောင်နိုင်ခဲ့တာမဟုတ်ဘူးလား? ဒါပေမဲ့ ရှင်တို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်လိုက်ဦး... ကျွန်မ့အမေမရှိရင် ရှင်တို့ကဘာတွေလဲ? ဘာမှမဟုတ်ဘူးမလား? ''
![](https://img.wattpad.com/cover/279507739-288-k176147.jpg)
YOU ARE READING
The Ultimate Business Lady [Myanmar Translation ]
RomanceOriginal Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is not my own.This is just for Fan Translation. Full credit to The ORIGINAL AUTHOR and English Translators. Starting date - 29/8/21 Both Unico...