Chapter 4

4.3K 590 3
                                    

Unicode

Ch-4 နန်းမြို့တော်သို့အပြန်

ဒီစကားကို ယွင်လင်းရွှမ်အရင်ဘဝတုန်းကလဲကြားခဲ့ဖူးတယ်။ အဲ့အချိန်က ချဲအာက
တကယ့်ကိုမသိတတ်လိုက်တာလို့ သူခံစားခဲ့ပြီးဆူခဲ့တာကြောင့် ချဲအာတစ်ယောက်မတရားသလိုခံစားခဲ့ရပြီ မျက်လုံးတွေပြန်နီရဲလာခဲ့တယ်။ အခုချိန်မှာတော့ ချဲအာပြောတာကိုကြားတာနဲ့ သူ့ကိုယ်သူငတုံးလို့တောင် ခံစားရတယ်။ ဖြူစင်တဲ့ချဲအာတောင်အခြေအနေတွေကတစ်ခုခုပုံမှန်မဟုတ်မှန်းသတိထားမိတယ် သူတယောက်တည်းကသာ
မားမားလင်ကတကယ့်ကိုသစ္စာရှိသူလို့
တွေးနေတာ။

လင်းရွှမ်မြို့တော်ပြန်မယ်လို့ပြောလိုက်တာနဲ့
မားမားလင်ကိစ္စအဝဝကို သာသာယာယာပဲ
စီစဥ်ပြီးသွားတယ်။ လင်းရွှမ်ဗိုက်ဆာတယ်
ပြောလိုက်တာနဲ့ လမ်းမှာဆာရင်စားလို့ ရအောင် မီးဖိုချောင်ကိုမုန့်အချို့ကို စီစဥ်ပေးဖို့တောင်ပြောပြီးပြီ။

'' တခြားသူတွေအကုန်လုံးလဲ ငါနဲ့အတူသွားကြမယ် '' အရင်ဘဝတုန်းက
မားမားလင်ရဲ့စကားတွေကြောင့် ကျန်းနန်အိမ်ကနေအမြန်ထွက်ခဲ့ကြသည်။ လူများများစားစားလဲမခေါ်ခဲ့တာကြောင့်
လမ်းမှာမတော်တဆတချို့ကြုံခဲ့သေးတယ်။
အခုတော့ လမ်းမှာမိုချီလင်းရွှမ်ကိုတွေ့ရင်တောင် ကြောက်နေစရာမလိုဘူး။

သူလူတိုင်းကိုပြန်ခေါ်သွားဖို့လုပ်နေတာကို
မားမားလင်မြင်တော့ ချက်ချင်းမပျော်မရွှင်
ဖြစ်သွားကာ '' မမလေး သွားမယ့်ခရီးက အရမ်းကြမ်းတယ်။ လူတွေအများကြီး
ခေါ်သွားရင် ခရီးဖင့်နေမှာပေါ့ ''

'' ငါလိုမမလေးက လှည်းပေါ်မှာနေမှာ။
မြင်းစီးပြီးသွားတဲ့လူတွေထက် ပိုပြီးတောင်မနှေးဘူးလား? ငါတို့မြို့တော်ကနေ ထွက်လာတုန်းက အမေကငါတို့ကို စောင့်ရှောက်ဖို့လူနည်းနည်းပဲ စီစဥ်ပေးခဲ့တာ။ အခု အမေနဲ့အဖေဒီလိုဖြစ်ရပ်မျိုးကြုံရတယ်။
တကယ်လို့ခရီးလမ်းမှာမသမာတဲ့လူတွေ ငါ့ကိုထိခိုက်အောင်လုပ်ဖို့ကြံစည်နေရင် မားမားလင်ကကာကွယ်ပေးမှာလား? '' ငယ်ရွယ်တဲ့လင်းရွှမ် မြင်းလှည်းပေါ်ကနေ ​အောက်က
မားမားလင်ကိုစိုက်ကြည့်ရင်း လေသံမာမာဖြင့်မေးလိုက်တယ်။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now