Chapter 22

3.5K 484 17
                                    

Unicode

Ch-22 အရှက်မရှိတဲ့ရှန့်ကွမ်

အရင်ဘဝတုန်းက ရှန့်ကွမ်လျန်ရဲ့စကားတွေ နဲ့ သခင်မကျောက်ရဲ့ဖျောင်းဖျမှုတွေအောက်မှာမျှောပါသွားခဲ့ပြီး သူမ့မိဘတွေဆုံးပါးမှုကြောင့် ထောင်တိစားသောက်ဆိုင် စီးပွားရေးကျဆင်းသွားတယ်ဆိုတဲ့စကားတွေကို ရူးရူးမိုက်မိုက်နဲ့ယုံကြည်ခဲ့တယ်။ အဲ့နောက်မှာ ဘာမှမစဥ်းစားမဆင်ခြင်ဘဲ ထောင်တိစားသောက်ဆိုင်ကို ရှန့်ကွမ်ယန်လန်ဆီပေးခဲ့တယ်။ သူမအသိစိတ်ဝင်လာတဲ့အချိန်ကျမှ ရှန့်ကွမ်လျန်ကို မေးခွန်းထုတ်ခဲ့တဲ့အခါ ရှန့်ကွမ်လျန်က မျက်နှာပြောင်တိုက်ပြီး
' ငါတို့ကမိသားစုတွေပဲကို... ဘယ်သူကပဲ စီးပွားရေးလုပ်လုပ် အတူတူပါပဲ' ဆိုတဲ့အရှက်မရှိတဲ့စကားကို ပြန်​​ဖြေခဲ့တယ်။

' ယွင်မိသားစုရဲ့စီးပွားရေးက ဒီလောက်အများကြီးကို။ ဒါကစားသောက်ဆိုင်လေးတစ်ဆိုင်ပဲမလား... ဒီလောက်သဘောထားသေးနေစရာမလိုပါဘူး '။
အဲ့ကိစ္စကြောင့် မိုချီလင်းရွှမ်က သူမ့အပေါ် ရက်အနည်းငယ်လောက် အေးတိအေးစက် ဖြစ်သွားခဲ့သေးသည်။ လင်းရွှမ်ခမျာ အချိန်အတော်ကြာစိတ်ဒုက္ခရောက်ခဲ့ရတယ်။ အဲ့ဒီနောက် ရှန့်ကွမ်ယန်လန်ဆီကိုသွားပြီး မိုချီလင်းရွှမ်ရှေ့မှာသူမအတွက်စကားကောင်းပြောပေးဖို့ လက်ဆောင်ပစ္စည်းတွေနဲ့ သွားတောင်းဆိုခဲ့ရသည်။ အဲ့တော့မှပဲ မိုချီလင်းရွှမ်ကသူမ့ဆီစိတ်ပြန်လည်လာခဲ့တာ။

အဲ့ဒီအရာတွေက သူမ့ရင်ထဲကနှလုံးသားကို
အဆိပ်ရှိတဲ့မြွေတစ်ကောင်က တစ်စစီကိုက်ဖြတ်နေသလိုမျိုးခံစားနေရတယ်။ အဲ့ခံစားချက်ကြီးက သူမ့ကိုစိတ်ထိခိုက်နာကျင်စေပြီး သူမ့ကိုအသုံးချခဲ့တဲ့သူတွေအားလုံးကို သူမအရမ်းကိုမုန်းတီးတယ်။

'' သခင်ကြီးရှန့်ကွမ် ကျွန်တော်က လျှောက်ပြောနေတာ မဟုတ်ပါဘူး။ ထောင်တိစားသောက်ဆိုင်ရဲ့စီးပွားရေးက တကယ့်ကိုဆိုးရွားနေတာပါ '' ရှန့်ကွမ်လျန်ကယွင်မိသားစုရဲ့အရေးမှာ ဝင်ပြောလို့ရတာကို ဆိုင်ရှင်ယွမ်ကမြင်တော့ ချက်ချင်းရှေ့တိုးကာ ရှင်းပြသည်။ '' ကျွန်တော်တို့ ဒီီကိုလာရတာက ဒီစီးပွားရေးကို ရှေ့လျှောက်ဘယ်လိုဆက်လုပ်ရမလဲဆိုပြီး သခင်မလေးကို မေးကြည့်ချင်ရုံပါ? နောက်ဆုံးတော့လဲ ဒီစီးပွားရေးက သခင်ကြီးနဲ့သခင်မတို့ကြောင့်ဖြစ်လာတာပါ။ ဒါတွေပျက်စီးသွားတာကို ကျွန်တော်တို့ဘယ်လိုလုပ်ရပ်ကြည့်နေနိုင်ပါ့မလဲ! ''

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now