Chapter 14

3.9K 529 3
                                    

Unicode

Ch-14 အလိုကြီးသောသူ

ဒီပထမဒေါ်လေးအကြောင်းကို လင်းရွှမ်များများစားစားမသိဘူး။ သူသိတာက ယွင်အိမ်တော်မှာသူက ထူးချွန်တဲ့လူတစ်မျိုးပဲ။ ဘာလို့လဲဆိုတော့ သူကပထမဦးလေးအတွက် သားနှစ်ယောက်တောင် မွေးပေးခဲ့တာလေ။
သမီးတွေကတော့ကိုယ်လုပ်တော်ကဆိုပေမဲ့ ဒါကြောင့်ပဲ ယွင်အိမ်တော်မှာ သူ့အဆင့်အတန်းကိုမြှင့်တင်နိုင်ပြီးတော့ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ဇနီးအဖြစ် သက်သေထူနိုင်တာလေ။ အရင်ဘဝက လင်းရွှမ်နဲ့ယွင်အိမ်တော်ရဲ့ဆက်ဆံရေးက တစစီပြိုကွဲသွားတာမလို့
ဒီဆွေကြီးမျိုးကြီးထဲကအဒေါ်ကိုမြင်ရင် သူလျစ်လျူရှုပစ်ခဲသည်။

ပထမအဒေါ်ကသူ့ကိုကြည့်လိုက်တိုင်း မျက်လုံးထဲမှာလှောင်ပြောင်မှုတွေ ၊အထင်သေးခြင်းတွေပဲရှိနေတတ်သည်။ လင်းရွှမ်ကတော့သူတို့မိသားစုကပိုချမ်းသာလို့ သူ့အဒေါ်ကသူ့ကိုမုန်းနေတယ်လို့ ထင်နေခဲ့တာ။ ဒါပေမဲ့ သူရဲ့ခြေလှမ်းတွေကို တခြားသူတွေကရိပ်စားမိပြီး နောက်ဆုံးတော့
ယွင်မိသားစုမျိုးနွယ်တစ်ခုလုံး ကျဆုံးခန်းရောက်ခဲ့မှာကို သူမသိခဲ့ဘူး။

'' ရွှေစတစ်ထောင်ကလူတွေအများကြီးကို တစ်ဘဝလုံးမကြောင့်မကြဘဲနေနိုင်အောင် လုပ်ပေးနိုင်မှန်းရွှမ်အာသိပြီးသားပါ။ ဒါပေမဲ့ ရွှမ်အာအတွက်တော့ အကိုက အရေးအကြီးဆုံးပါ! ''လင်းရွှမ်ရဲ့လေးနက်တဲ့ ရှင်းပြချက်ကို သခင်မကြီးယွင်ခဲ အရမ်းစိတ်ကျေနပ်မ်ိသည်။ သူခေါင်းငြိမ့်ရင်း
'' ကောင်းတယ် သမီးကလိမ္မာတဲ့ကလေးပဲ.. ''

'' ရွှမ်အာကိုလိမ္မာတယ်လို့ အဘွားထင်ရင် သမီးရဲ့အကြံကိုသဘောတူပေးပါ။ ရွှမ်အာအကို့ကိုပဲ တွေ့ချင်တာပါ '' သခင်မကြီးယွင်ခဲကို တိုးညင်းစွာပြောလိုက်တယ်။

သန်မာရမယ့်အချိန်ဆိုရင် သန်မာရမယ်
အားနည်းဖို့လိုရင်လဲ အားနည်းရမယ်။ ဒါတွေအားလုံးက မိုချီလင်းရွှမ်ရဲ့ အားထုတ်မှုတွေကိုကျေးဇူးတင်ရမယ်။

'' ရွှမ်အာကပြောတောင်ပြောပြီးနေပြီကို အဘွားကဘယ်လိုလုပ် သဘောမတူဘဲနေရမှာလဲ.. အဲ့တာဆိုအဘွားရဲ့အပြစ် ဖြစ်သွားမှာပေါ့! '' သခင်မကြီးယွင်ခဲ ခေါင်းငြိမ့်လိုက်တယ်။ ရွှေတွေထောင်ချီ ရှိနေရင်တောင် အဲ့တာတွေက သေရင်ယူသွားလို့ရတဲ့ပစ္စည်းမဟုတ်ဘူး။ ယွင်အိမ်တော်ရဲ့ပိုင်ဆိုင်မှုက
ယွင်အိမ်လောက်မများပေမယ့် သူတို့ကောင်းကောင်းမွန်မွန်နေနိုင်သေးသည်။
ဆံပင်ဖြူတဲ့သူတွေ ဆံပင်မည်းတဲ့သူကို လိုက်ပို့ပေးတာကို သူကြုံတွေ့ရပြီးပြီ။ သူ့လေးယောက်မြောက်သားရဲ့မျိုးဆက်ကိုတော့ သူမသေချာပေါက်ချန်ထားခဲ့ရမည်။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now