Chapter 12

3.9K 579 3
                                    

Unicode

Ch-12 ပါးနပ်စွာဖြေရှင်းခြင်း

အရင်ဘဝက သူမရေထဲပြုတ်ကျခဲ့ပြီး မိုချီလင်းရွှမ်ကကယ်ခဲ့တယ်။ ဒီလိုကိစ္စမျိုးကို မားမားလင်သာမပြောရင် ယွင်မိသားစုက အဘွားနဲ့တခြားသူတွေ သိစရာအကြောင်းမရှိဘူး။

ဒါပေမဲ့ မားမားလင်ကအဲ့ကိစ္စကို အကျယ်တဝင့်ပြောလိုက်တယ်။ အဲ့တာကြောင့် အဘွားတို့ကဒေါသထွက်သွားကြတယ်။ ကျိန်းသေပေါက် သူမ့ကိုဒေါသထွက်တာမဟုတ်ဘဲ မိုချီလင်းရွှမ်ကိုဖြစ်သည်။ အဲ့တာကို လင်းရွှမ်က သူမ့ကိုဒေါသထွက်တာလို့ထင်သွားပြီး သူတို့ဆက်ဆံရေးက ပိုပြီးဝေးကွာသွားခဲ့သည်။ ထိုနောက်မှာတော့ ယွင်အိမ်တော်နှင့်ယွင်မိသားစုအိမ်ရဲ့ဆက်ဆံရေးက အပြီးတိုင်ကွဲကွာသွားတော့သည်။

သူတို့အိမ်မခွဲခင်မှာ သူ့အဘွားကသူမ့ကို စိန်းစိန်းဝါးဝါးကြည့်ပြီး ဒေါသတကြီးပြောခဲ့သေးတာကို သူမမှတ်မိသေးတယ်။ '' ယွင်မိသားစုက အခုမင်းလက်ထဲမှာပဲတစစီမပျက်စီးသွားဖို့ ငါမျှော်လင့်တယ် ''

ဒါမဲ့ အဲ့အချိန်တုန်းကသူမက အရမ်းကို တုံးအခဲ့တယ်။ မားမားလင်ရဲ့စကားကိုပဲ နားထောင်ပြီး ကျန်တာတွေကိုမစဥ်းစားခဲ့ဘူး။ ဖြစ်နိုင်တာက အဲ့အချိန်မှာ သူ့အဘွားက တစ်ခုခုမှားနေတာကို သိပြီသားဖြစ်လောက် တယ်။ သို့ပေမဲ့ သူမကတုံးလွန်းလို့ သူ့အဘွားက သူမကိုဒုက္ခပေးဖို့လုပ်နေတာလို့ ထင်ခဲ့တာ။ တကယ့်ကိုအဓိပ္ပါယ်မရှိတဲ့အတွေးပဲ။

မားမားလင်ရဲ့စကားတွေကို လင်းရွှမ်မငြင်းသလို ဒေါသလဲမထွက်ပေ။ လူတိုင်းရဲ့လန့်ဖျန့်နေတဲ့အကြည့်တွေကို တည်ငြိမ်စွာ​ရင်ဆိုင်ရင်း ရိုးရိုးသားသားပင်ပြောလိုက်တယ်။
'' မားမားလင်ပြောချင်တာက ဒီလမ်းခရီး တစ်လျှောက်လုံး သခင်လေးမိုကကူညီပေးတာတွေရှိတာကြောင့် သခင်လေးမိုကိုကျေးဇူးမတင်လို့မဖြစ်ဘူးဆိုတဲ့သဘောပါ။ ဒါပေမဲ့ အဘွား ရွှမ်အာက တစ်ချိန်လုံး
လှည်းထဲမှာပဲနေနေခဲ့တာ။ သခင်လေးမိုနဲ့ စကားတစ်လုံးတောင်ကောင်းကောင်းမွန်မွန်ပြောခဲ့တာမျိုးမရှိဘူး။  သူပုန်တွေနဲ့တွေ့တဲ့အချိန်ကျမှ မားမားလင်က ရွှမ်အာကိုကယ်ပေးဖို့ သခင်လေးမိုကိုတောင်းပန်ခဲ့တာ။ ဒါမဲ့ ရွှမ်အာရဲ့အတွေးကတော့ ငွေဆိုတာဥစ္စာသက်သက်ပဲမလား... အဘွားကလဲ ရွှမ်အာကိုအန္တရယ်ကင်းကင်းနဲ့ ပြန်လာတာကိုပဲ တွေ့ချင်မှာမလား။ ဆံဖြူကဆံမည်းကို လိုက်လံပို့ဆောင်ရတဲ့အဖြစ်မျိုးမဖြစ်ချင်တာမလို့ သမီးလည်းပါသမျှပစ္စည်းတွေအားလုံးပေးပစ်ခဲ့ပြီး မြို့တော်ကိုလာဖို့မြင်းလှည်းပဲ ချန်ခဲ့တာ။ ဒါကြောင့် သမီးက မားမားလင်နဲ့သခင်လေးမိုရဲ့အကြံကိုငြင်းခဲ့ပြီး ပစ္စည်းတွေအဆုံးရှုံးခံခဲ့တယ်။ အဲ့က်ိစ္စကြောင့် သမီးတို့အချင်းများခဲ့တာတော့ရှိခဲ့ပေမဲ့ အဲ့ဒီနောက်မှာဘာမှထပ်မပြောဖြစ်ပါဘူး! ''

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now