Chapter 18

3.6K 522 4
                                    

Unicode

Ch-18 လူတိုင်းမှာအကြံကိုယ်စီ

ရှန့်ကွမ်ယန်လန်မှာ လင်းရွှမ်ကြောင့်စိတ်ရှုပ်ထွေးစွာပဲ အပြင်ရောက်သွားသည်။ သူမမြင်းလှည်းပေါ်ရောက်တဲ့အချိန်ကျမှ သူ့အမေပြောလိုက်တာကို ရုတ်တရတ်မှတ်မိလိုက်တယ်။ လင်းရွှမ်စိတ်မကောင်းဖြစ်နေတာကို အခွင့်ကောင်းယူပြီး ဒီညကနေစပြီး ယွင်အိမ်မှာ နေရမယ်တဲ့။ ဒါပေမဲ့ အခု... ယွင်အိမ်ထဲကိုဝင်သွားတဲ့ ယွင်လင်းရွှမ်ကိုလှမ်းကြည့်လိုက်ပြီး သူမနေမယ်လို့ပြောရင်တောင်
လင်းရွှမ်ကသဘောတူမှာ မဟုတ်ဘူးလို့ သူ့ဘာသာတွေးနေမိတယ်။ အဲ့တော့လဲ သူမမြင်းလှည်းပေါ်တက်ပြီး မြင်းလှည်းမောင်းသမားကို ရှန့်ကွမ်အိမ်တော်ကို ပြန်ဖို့ပဲပြောလိုက်ရသည်။

လင်းရွှမ်ကမားမားလင်ကို သူ့နောက်ကိုမလိုက်ခိုင်းတာကြောင့် လင်းရွှမ်နဲ့ရှန့်ကွမ်ယန်လန်တို့ဘာပြောခဲ့မှန်း မားမားလင်ဘာမှမသ်ိလိုက်သလို ရှန့်ကွမ်ယန်လန်အိမ်ပြန်သွားတာကိုလဲ မားမားလင်သတိမထားမိဘူး။ ရှန့်ကွမ်ယန်လန်အိမ်ပြန်သွားတာကို သူမသိလိုက်တဲ့အချိန်မှာတော့ သူ့ရင်ထဲမှာဒိတ်ခနဲဖြစ်သွားသည်။ မမလေးကတကယ်ပဲပြောင်းလဲသွားပြီး အရင်ကလိုချုပ်ကိုင်ရမလွယ်ကူတော့ဘူးလို့ခံစားရသည်။

ယွင်အိမ်မှာ သူမတစ်ယောက်တည်းကသာ ကိစ္စအဝဝကိုစီမံရတာ။ ယွင်အိမ်တော်က လူတွေကအလုပ်ကိုယ်စီနဲ့မလို့ အချိန်မပေးနိုင်သလို သခင်မကြီးရဲ့ကျန်းမာရေးကလည်း အကောင်းကြီးမဟုတ်တော့
သူတို့ကိုဒီမှာလာပြီး အဖော်မပြုပေးနိုင်ဘူး။ အဲ့လိုနဲ့ပဲ ယွင်အိမ်တစ်ခုလုံးရဲ့ကိစ္စတွေအားလုံးကို သူမ့လက်ထဲမှာပဲချုပ်ကိုင်ထားခဲ့တာ။

သူမနားမလည်နိုင်တာက ဖြူစင်ပြီးအပြစ်ကင်းတဲ့မမလေးက နှစ်ရက်တာသတိမေ့နေခဲ့ပြီးတဲ့နောက် ပြန်သတိရလာတဲ့အချိန်မှာတော့ သူမသိခဲ့တဲ့မမလေးမဟုတ်ဘဲနဲ့ တခြားတစ်ယောက်လိုမျိုး စိတ်နေစိတ်ထားကလုံးဝကိုပြောင်းလဲသွားသည်။

စစချင်းတော့ မမလေးမှာ 'မကောင်းတဲ့'အရာ များပူးကပ်နေလားဆိုပြီး သူမတွေးမိသေးတယ်။ ဒါမဲ့ မမလေးက အိမ်နဲ့ပတ်သက်တဲ့အရာအားလုံးကိုသိနေတယ်။ အရင်ကဂရုမစိုက်ခဲ့တဲ့ကိစ္စတွေကိုတောင်  မမလေးကသိနေသေးတယ်။ ဒါကအတုအယောင်ဖြစ်ပါ့မလား?

The Ultimate Business Lady [Myanmar Translation ]Onde histórias criam vida. Descubra agora