Chapter 10

4.3K 585 7
                                    

Unicode

Ch-10 လင်းရွှမ်အရိုအသေပေးခြင်း

'' တကယ်လို့ မမလေးအလုပ်များနေတယ် ဆိုရင်လဲ အနှောင့်အယှက်မဖြစ်အောင် ကျွန်တော်ပြန်လိုက်ပါ့မယ်! '' ဝမ်ချီလင်းရွှမ် စိတ်အနှောင့်အယှက်ဖြစ်လာပြီ။ တစ်လမ်းလုံးလဲ သူမ့ကိုသူလိုက်ပို့ပေးခဲ့တာတောင်မှ သူ့ကိုဂရုမစိုက်သလို ဆက်ဆံနေတယ်။
သူ့အဆင့်အတန်းကိုပြန်ကြည့်ပြီး ဒီလောက်လုပ်ပေးတာတင်များနေပြီလို့ ကိုယ့်ဘာသာတွေးနေသည်။

'' ဘယ်လိုလုပ်ဖြစ်မလဲ? သခင်လေးမိုက ကျွန်မတို့ကိုလိုက်ပို့ဖို့ အစွမ်းကုန်ကြိုးစားခဲ့တာ။ အခုချိန်မှာ သခင်လေးမိုကို ပြန်သွားခိုင်းမယ်ဆိုရင် ကျွန်မ ယွင်လင်းရွှမ်က
ဒီမြို့တော်ကလူတွေဟားစရာ
ဖြစ်သွားမှာပေါ့ '' သူ့ကိုမြန်မြန်ပြန်စေချင်ပေမဲ့ သူမအိမ်ပြန်ရောက်ရောက်ချင်း သူပြန်သွားခဲ့ရင် နောက်ထပ်ကောလဟာလ တွေမရှိဘူးလို့မပြောနိုင်ဘူး။ အဲ့တာက သူမအတွက်လုံးဝအဆင်မပြေဘူး။ အဲ့တော့ သူမ့အဘွားကိုတွေ့ပြီးမှ ဒီကိစ္စကိုရှင်းမယ်လို့ တွေးလိုက်တယ်။

သူ့ကို နူးညံ့စွာပြုံးပြလာတဲ့သူမကိုမြင်တော့
ထူးဆန်းစွာပဲ သူ့ရင်ထဲကမကျေနပ်တဲ့ ခံစားချက်က ကွယ်ပျောက်သွားတယ်။ သူခေါင်းငြိမ့်ရင်း အထက်စီးဆန်ဆန်ပြောလိုက်တယ်။
'' ဒါဆိုလဲ မမလေးအရင်ဆုံး လုပ်စရာရှိတာတွေ သွားလုပ်လိုက်ပါ။ ကျွန်တော်ဒီမှာစောင့်နေလိုက်ပါမယ် ''

'' ကောင်းပါပြီ! '' သူပြန်ဖို့အလျင်မလိုတာကို တွေ့တော့ လင်းရွှမ် လင်းယန်ကိုခေါ်ပြီး အိမ်တော်ထဲဝင်လိုက်သည်။ အမြဲတမ်းလိုလိုတင့်တယ်အေးချမ်းနေသည့် ယွင်မိသားစုအိမ်က အခုချိန်မှာတော့ အဖြူရောင်ပိတ်စတွေ ဝန်းရံနေပြီး အရင်ကလိုပျော်ရွှင်မှုတွေ မရှိတော့ဘဲ နက်ရှိုင်းတဲ့ဝမ်းနည်းခြင်းတွေနဲ့ ပြည့်နှက်နေတယ်။

မျက်စိမှိတ်ပြီးတောင်လျှောက်နိုင်တဲ့အထိ ရင်းနှီးကျွမ်းဝင်မှုရှိနေတဲ့သူမ့အိမ်ကို ဝင်လာရင်း လင်းရွှမ်မျက်လုံးတွေ နီရဲနေတယ်။ သူမ့ရင်ထဲမှာအတွေးတွေ သောင်းချီရှိနေပေမဲ့ တကယ်တမ်းကျ ဘာပြောရမလဲဆိုတော့ သူမသိဘူး။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now