Chapter 33

3.3K 476 4
                                    

Unicode

Ch-33 အံ့သြထိတ်လန့်ဖွယ်နှုတ်ဆိတ်နေခြင်း

ယွင်ပေါ်ကို ယွင်လင်းရွှမ်ဘာပြောလိုက်လဲ ဆိုတာ ဘယ်သူမှမသိပေမဲ့ ယွင်ပေါ်အခန်းထဲကနေထွက်သွားချိန်မှာ သူ့မျက်နှာကစိတ်ရှုပ်ထွေးမှုအပြည့်ဖြင့် မျက်မှောင်ကြုတ်နေခဲ့သည်။

'' မမ အစ်ကိုဝမ်းကွဲကို ဘာပြောလိုက်တာလဲ?
ဘာလို့သူအဲ့လိုပုံစံ ဖြစ်နေတာလဲ? '' ယွင်လင်းယန်စပ်စုလိုက်တယ်။ ခုနက သူမ
ယွင်ပေါ်ရှေ့ကဖြတ်သွားတော့ ပုံမှန်လုပ်နေကျအတိုင်းအနိုင်ကျင့်တာမျိုးမရှိဘဲ
အားမပါတဲ့ပုံစံမျိုးနဲ့ပဲ ကြည့်သွားတယ်။ ဒီတော့သူ့ပုံစံက​ထူးဆန်းလိုက်တာလို့ မတွေးမိဘဲမနေနိုင်ဘူးလေ။

'' သူ့ကိုဂရုစိုက်မနေနဲ့ '' ယွင်ပေါ်ရဲ့စိတ်လွတ်နေတဲ့ပုံစံကိုမြင်တော့ လင်းရွှမ်ပြုံးလိုက်မိပြီး သူမ့စိတ်ထဲမှာအတွေးတစ်ခုပေါ်လာတယ်။
' ယွင်ပေါ် ငါနင့်ကို အခွင့်အရေးပေးပြီးပြီ...
ယူမလား မယူဘူးလားဆိုတာ နင့်အပေါ်မှာ မူတည်နေပြီ။ နင်မလုပ်နိုင်ရင်တော့ နင့်လို အသုံးမကျတဲ့သူက ငါ့မိသားစုမဟုတ်တော့ ဘူး! '

သူမဒီလိုလုပ်ရတဲ့အကြောင်းက ယွင်ပေါ်ကို ကာကွယ်ပေးချင်လို့ဖြစ်ပြီး သူမရဲ့တတိယဦးလေးကို သူ့ကလေးသေတာကို ကိုယ်တိုင်မြင်ရတာမျိုး မဖြစ်စေချင်လို့ပဲ။

သူမကတော့ သူ့ကို အခွင့်အရေးပေးပြီးပြီ။ နောက်ဆုံးဆုံးဖြတ်ချက်က သူ့အပေါ်မှာပဲမူတည်တယ်။

ကိုယ့်သိဏ္ခာကိုဘယ်လိုဆယ်ရမလဲပဲ အမြဲဂရုစိုက်နေပြီးတော့ ရင့်ကျက်လာအောင်
မလုပ်နိုင်တဲ့သူက ဘယ်တော့မှကြီးပွားမှာ မဟုတ်ဘူး။

ယွင်လင်းရွှမ်က ယွင်ပေါ်ကိုခေါ်ခိုင်းလိုက်တယ်ဆိုတာ ယွင်အိမ်တော်တစ်ခုလုံးသိပေမဲ့ ဘာကိစ္စလဲဆိုတာတော့ ဘယ်သူမှမသိဘူး။ ယွင်ပေါ်ပြန်ရောက်တော့ လူတွေအများကြီးက သူ့ကိုဝိုင်းမေးကြတယ်။ ဒါပေမယ့်
ယွင်ပေါ်ကတော့ သူတို့ကိုအားမရှိတဲ့ပုံစံဖြင့် ပြန်ကြည့်လိုက်ပြီး စကားတစ်ခွန်းမှမပြောဘဲ သူ့အခန်းထဲကို ဝင်သွားတယ်။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now