Chapter 2

5.9K 652 2
                                    

Unicode

Ch-2 စိတ်ရှုပ်ထွေးစေတဲ့ ပြန်လည်ရှင်သန်
ခြင်း

'' မားမားလင်... သခင်မလေးကအခုထိသတိ
မရသေးဘူး ကျွန်မတို့ဘာလုပ်ကြမလဲ?
သခင်ကြီးနဲ့သခင်မတို့နှစ်ယောက်လုံးမတော်
တဆဖြစ်သွားကြတော့ ယွင်မိသားစုရှေ့ဆက်ဖို့ သခင်မလေးကိုလိုအပ်တယ်လေ! '' ယွင်လင်းရွှမ်ရဲ့နားထဲမှာ အရမ်းဆူညံနေတယ်လို့ ခံစားရတယ်။မ ဒါပေမဲ့သူကွပ်မျက်ခံလိုက်ရပြီမလား... ဘယ်လိုလုပ်အသံတွေကြားနေရသေးတာလဲ။

သူမ,မသေသေးဘူးလား။

'' မမလေးက အခုမှဆယ်နှစ်ပဲရှိသေးတယ် အရွယ်တောင်မရောက်သေးဘူး။ သူ့ကိုယွင်မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ဂရုစိုက်ခိုင်းလိုက်ရင် ဒါကသူမ့ရှေ့ရေးကို
ဖျက်ဆီးတာနဲ့တူတူပဲမဟုတ်ဘူးလား? ''
အရမ်းကိုရင်းနှီးနေတဲ့အသံတစ်သံက
သူမနားထဲကိုဝင်လာတဲ့အခါမှာတော့ သူမ့လက်တွေစတင်ပြီးအနည်းငယ်လှုပ်လာ
တယ်။

ဒီလူ,မားမားလင်ကသူမမွေးတဲ့နေ့ကစပြီး သူ့ဘေးနားမှာရှိနေခဲ့တဲ့လူပဲ။ သူ့ကိုရှန့်ကွမ်မိသားစုကနေပြီး သူမရဲ့အမေ​
ခေါ်လာခဲ့တာ။

'' မမလေး နိုးလာပြီလား? ''သူမ့မျက်ခွံအောက်ကမျက်လုံးတွေ တဆတ်ဆတ်လှုပ်နေတာကို ချဲအာမြင်လိုက်တာနဲ့ မမလေး
မကြာခင်နိုးတော့မယ်ဆိုတာသိလိုက်ရပြီး ဝမ်းသာအားရဖြင့်အော်ငိုတော့သည်။
'' ...ဝူး..ဝူး..မမလေး.. တကယ်နိုးလာပြီပဲ... မမလေးရယ်! ''

'' ချဲအာ? '' သူမရှေ့ကအထိန်းအကွပ်မရှိ ငိုနေတဲ့သေးငယ်တဲ့ပုံရိပ်လေး
ကိုမြင်လိုက်ရချိန်မှာတော့ ယွင်လင်းရွှမ်
အရမ်းကိုတုန်လှုပ်သွားသည်။

ချဲအာက သူ့ကိုယ်ပိုင်အစေခံ... သူမကလင်းရွှမ်တုံ့ယန်တော်ဝင်နန်းတော်ထဲဝင်တဲ့အချိန် ထိ သစ္စာရှိရှိအဖော်ပြုပေးခဲ့တဲ့သူဖြစ်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့
ရှန့်ကွမ်ယန်လန်ရဲ့ဥာဏ်နီဥာဏ်နက်တွေ
ကြောင့် တော်ဝင်နန်းတော်ထဲကနေ
ရောင်းစားခံလိုက်ရပြီး နောက်ဘာဆက်ဖြစ်လဲဆိုတာ ဘယ်သူမှမသိကြဘူး။ ဒါပေမဲ့
အခုတော့ ဘယ်လိုလုပ်သူမ့ဘေးမှာရှိနေတာလဲ? ချဲအာကသူ့ကိုကယ်ခဲ့တာလား?

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now