Chapter 34

3.2K 489 5
                                    

Unicode

Ch-34 ဒီလိုညီအစ်ကိုမျိုး

'' ပိုက်ဆံမပါဘူး? ယွင်ပေါ် မင်းဘယ်တုန်းကများ ပိုက်ဆံမပါဘဲ အပြင်ထွက်ဖူးလို့လဲ? ဘာလဲ မင်းရဲ့ချမ်းသာတဲ့ ဦးလေးသေသွားတော့ မင်းတို့ယွင်အိမ်တော်က မင်းကို ပိုက်ဆံမပေးနိုင်တော့ဘူးလား? '' ရွှေရောင်နဲ့ငွေရောင်စပ်ထားတဲ့ဝတ်စုံကို ဝတ်ဆင်ထားတဲ့သခင်လေးတစ်ယောက်က လက်ထဲမှာကျောက်စိမ်းပြားတစ်ခုကို ဆော့ရင်း လှောင်ပြုံးနဲ့မေးလာတယ်။

'' ကျန်းကျီလဲ့ မင်းမဟုတ်မဟတ်တွေ ပြောမနေနဲ့! မင်းမှာအရည်အချင်းရှိရင် ဒီတစ်ခေါက် မင်းပိုက်ဆံရှင်းလိုက်ပေါ့! '' အရင်ကညီအစ်ကိုတွေလို ပေါင်းသင်းဆက်ခံခဲ့တဲ့သူငယ်ချင်းက အခုလိုသူ့ကိုသစ္စာဖောက်တာ မြင်ရတော့ သူဝမ်းနည်းမိတယ်။

ဖြစ်နိုင်တာက ယွင်လင်းရွှမ်က အရူးမဟုတ်ဘဲ သူကသာရူးနေတာ ဖြစ်လိမ့်မယ်။

နာမည်အခေါ်ခံလိုက်ရတဲ့ သခင်လေးကတော့ အမူအရာပြောင်းသွားကာ အနေခက်စွာ ပြောလာတယ် '' ဒီသခင်လေးက တစ်ခွက်နှစ်ခွက်လောက်ပဲ သောက်တာကွ... အဲ့ဒါကို ငွေတစ်ထောင်ပေးစရာလား? ငါ့ကိုအရူးလို့ မင်းထင်နေလား? '' တကယ်လို့
ဒီအရူးကောင် ယွင်ပေါ်ကြောင့်သာမဟုတ်ရင်
ဒီလိုစျေးကြီးလွန်းတဲ့နေရာမျိုးကို လာမှာမဟုတ်ဘူး။

ဒီလိုနေရာမျိုးကို တစ်နှစ်တစ်ကြိမ် လာရင်တောင်မှ တော်တော်လေး ကြွားလို့ရနေပြီ။ ယွင်ပေါ်က ပိုက်ဆံကို မျက်တောင်တစ်ချက်မခတ်ဘဲ သုံးတာကို သူတို့သိလို့ သူ့ကိုအကြိမ်တိုင်း ဖိတ်နေတာ။ သူ့ကို သူတို့ကလက်ဖွာတဲ့အရူးလို ဆက်ဆံနေပြီး သူ့ဆီကပိုက်ဆံတွေကို ညာစားနေကြတာ။

သို့ပေမဲ့ ယွင်အိမ်ကတောင် မကျရှုံးသေးဘူး... ယွင်အိမ်တော်က ဆက်ပြီးမတောင့်ခံနိုင်တော့ဘဲ ပြိုလဲတော့မယ်လို့ သူတို့မထင်ထားခဲ့ဘူး။

ယွင်အိမ်နဲ့ယွင်အိမ်တော်က တကယ်ကြီး ခွဲလိုက်ကြပြီဆိုတာ အမှန်ပဲလား? ယွင်အိမ်က ယွင်အိမ်တော်ကို ရှေ့လျှောက် မထောက်ပံ့တော့ဘူးလား? အဲ့လိုဆိုရင်တော့ သူတို့မျက်စိထဲမှာ ယွင်ပေါ်က ဘာတန်ဖိုးမှမရှိတော့ဘူး။

The Ultimate Business Lady [Myanmar Translation ]Où les histoires vivent. Découvrez maintenant