Chapter 32

3.3K 476 5
                                    

Unicode

Ch-32 ယွင်ပေါ်ကို သိမ်းသွင်းခြင်း

'' ဘာပဲဖြစ်ဖြစ် အဲ့တာကို ငါဂရုမစိုက်ဘူး
နင်ဘာလို့ငါ့ကို ခေါ်ခိုင်းလိုက်တာလဲ? ''
ယွင်ပေါ် ဒေါသတကြီး မေးလိုက်တယ်။

'' ယွင်အိမ်တော်ရဲ့ဒီနေ့ဒီအချိန်မှာ ရှိနေတဲ့ ဂုဏ်ကျက်သရေက ယွင်အိမ်ရဲ့ငွေကြေးထောက်ပံ့မှုမပါဘဲ ဖြစ်လာနိုင်လားဆိုတာ ညီမ​လေးကမေးကြည့်ချင်ရုံပဲ။ အစ်ကိုဝမ်းကွဲ အခုထိ အဲ့ဒီချမ်းသာတဲ့သခင်လေးတွေနဲ့ ဟွားဝူဂေဟာကိုလိုက်သွားပြီး မိန်းကလေးတွေဘေးမှာဝိုင်းပြီး မျက်နှာချိုသွေးနေတာကို ခံနေတုန်းပဲလား? ''
လင်းရွှမ်၏ အေးဆေးတည်ငြိမ်လှတဲ့အမေးတွေက ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက်မှာ ရှိသင့်တဲ့အသံနေအသံထားမျိုးရှိမနေဘူး။

ယွင်ပေါ်မျက်နှာပျက်သွားပြီး ကြောက်စရာကောင်းတဲ့အကြည့်တွေနဲ့ လူက်ိုဝါးစားတော့မတတ် လင်းရွှမ်ကို စိုက်ကြည့်နေတယ်။ ၎င်းအကြည့်ထဲမှာ မုန်းတီးတဲ့အရိပ်အယောင်အနည်းငယ်ကိုပါ မြင်နေရတယ်။

'' အစ်ကိုဝမ်းကွဲရယ် ကျွန်မကို မမုန်းပါနဲ့
အစ်ကိုမှန်တယ်... ယွင်အိမ်တော်က ကျွန်မမှီခိုနိုင်ဖို့အတွက် မလုံလောက်ဘူး။ ဦးလေးတွေကတော့ ဓနဥစ္စာနဲ့အဆင်းလှပခြင်းတွေက လုံ့လဝီရီယရှိရှိ ကြိုးစားရင်ရနိုင်တယ်လို့ ယုံကြည်နေကြပြီး ရွှေငွေတွေရဲ့ လှည့်စားမှုကိုတော့ ဂရုမစိုက်ကြဘူးလေ။ တကယ်လို့ ကျွန်မ သူတို့ကိုမိသားစုစီးပွားရေးတွေ ပေးခဲ့ရင်တောင်မှ အဆုံးမှာ သူတို့ကြောင့် မိသားစုစီးပွားရေးက ဘာမှမကျန်တော့တဲ့အထိ ဖြစ်သွားလိမ့်မယ်။ ယန်အာနဲ့ကျွန်မက အားကိုးဖို့ဘယ်သူမှမရှိတော့ဘူး။ ကျွန်မတို့မိဘတွေ ချန်ထားခဲ့တဲ့ စီးပွားရေးနဲ့ပိုင်ဆ်ိုင်မှုတွေပဲ ရှိတော့တယ်။ ဒီတော့အစ်ကိုပြောကြည့်လေ
ဒီပိုင်ဆိုင်မှုတွေကို ဘယ်သူ့ကိုပေးရင်ကောင်းမလဲ? '' လင်းရွှမ်သည်မအူမလည်မျက်နှာထားဖြင့် ခေါင်းလေးစောင်းထားသော်ငြား သူမ့မျက်ဝန်းထဲက နက်ရှိုင်းတဲ့အဓိပ္ပါယ်ကိုတော့ ယွင်ပေါ်လုံးဝသတိမထားမိခဲ့ဘူး။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now