Chapter 37

3.4K 470 11
                                    

Unicode

Ch-37 နည်းနည်းစိတ်ဝင်စားဖို့ကောင်းတယ်

'' သူက ငါ့ညီမဝမ်းကွဲပဲ။ ငါငွေလိုချင်ရင် ငွေတစ်သောင်းလောက်က အသာလေးပဲ ''
ရှန့်ကွမ်ယုံအန်းရဲ့အကြည့်တွေကတော့ အားကျပြီး မနာလိုမှုအပြည့်တွေ ဖြစ်နေတယ်။ သူ့ကိုသာပိုက်ဆံပေးရင် ဘယ်လောက်များရမလဲဆိုပြီး စဥ်းစားနေတယ်။

'' ကောင်းတယ်! အခုပိုက်ဆံရသွားပြီ။
ယွင်ပေါ် မင်းနည်းနည်းလောက် ပိုပြီးသဘောထားကြီးလိုက်စမ်းပါ။ ငါတို့ညီအစ်ကိုတွေဆက်ပြီး သောက်စား​​ပျော်ပါးကြမယ်လေ။ ဒီလိုကောင်းမွန်တဲ့ အခြေအနေလေးကို မဖျက်ဆီးကြရအောင်! ''
ကျန်းကျီလဲ့က သူအခုလေးတင် လုပ်ခဲ့တဲ့ခြိမ်းခြောက်မှုနဲ့ စိတ်ပျက်ဖို့ကောင်းတဲ့ကိစ္စတွေကို မမှတ်မိတော့သလိုမျိုး ကျယ်လောင်စွာရယ်မောလျက် စနောက်သလိုပြောလာတယ်။

ယွင်ပေါ် ဒေါသမထွက်သလို စကားလည်းများမနေတော့ဘူး။ သူဘဏ်စာရွက်တွေကို
လက်ထဲမှာဆုပ်ကိုင်ရင်း တစ်လုံးချင်းစီပြောလိုက်တယ်။ '' သခင်လေးကျန်း မင်းတို့အားလုံးက ဂုဏ်သိက္ခာရှိတဲ့အိမ်တော်က သခင်လေးတွေပဲ။ ယွင်ပေါ် မင်းတို့နဲ့သူငယ်ချင်းလုပ်ဖို့ မတတ်နိုင်ပါဘူး။ အခုကစပြီး ငါတို့ ကိုယ့်လမ်းကို လျှောက်ကြတာပေါ့။ ကိုယ့်ကိစ္စကို ဂရုစိုက်ကြရအောင်! ''

လူတိုင်း၏ထိတ်လန့်နေတဲ့ အမူအရာတွေကို လျစ်လျူရှုပြီး ယွင်ပေါ် ငွေတစ်ရာတန်ဘဏ်စာရွက်နှစ်ရွက်ကို ထုတ်ပြီး မားမားဟွားကို ပေးလိုက််တယ်။ '' ဒါက ကျွန်တော်ရှင်းရမယ့် ပိုက်ဆံပါ။ ကျန်တာကိုတော့ မားမားဟွား
မှန်တဲ့သူဆီမှာ သွားတောင်းလိုက်ပါ! ''

'' ယွင်ပေါ် မင်းသေချာစဥ်းစားနော်။
ငါတို့ညီအစ်ကိုတွေ မရှိဘဲ မင်းနန်းမြို့တော်မှာ နေဖို့အဆင်ပြေမှာ မဟုတ်ဘူး '' ကျန်းကျီလဲ့က ယွင်ပေါ်ကိုတားပြီး တင်စီးတဲ့အပြုအမူနဲ့ ခြိမ်းခြောက်လိုက်တယ်။

'' ဒါဆိုရင် ငါနန်း​မြို့တော်က ထွက်သွားမယ် '' ယွင်ပေါ်ကလဲနောက်မဆုတ်ဘဲ ဒေါသတကြီးပြန်ပြောလိုက်တယ်။ '' မင်းတို့ပြောတဲ့ ညီအစ်ကိုကောင်းတွေဆိုတာလဲ ငါမြင်ပြီးသွားပြီ။ ပြီးတော့ မင်းတို့ရဲ့ညီအစ်ကိုဆိုတဲ့ဆက်ဆံရေးလဲ ဘယ်လောက်ခံမလဲဆိုတာ ငါစောင့်ကြည့်နေမယ်! '' အဲ့လိုပြောပြီးတာနဲ့ တချန်နဲ့အတူ လူအုပ်ထဲကနေ လွတ်လပ်ပေါ့ပါးတဲ့ခြေလှမ်းတွေနဲ့ ထွက်သွားတယ်။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now