Unicode
Ch-20 မောက်မာလွန်းသော
'' သခင်ကြီးရှန့်ကွမ်? '' လင်းရွှမ်
သူ့မျက်ခုံးတွေကိုပင့်ကာ ရယ်စရာကြားလိုက်ရသလိုမျိုးပုံစံဖြင့် '' မားမားလင် ငါ့ဦးလေးက စာပေပညာရှင်လေ။ သူအထင်အသေးဆုံးက ကုန်သည်တွေရဲ့အကွက်ရွေ့တဲ့စီးပွားရေးလှည့်ကွက်တွေကိုလေ။ တကယ်လို့ သူ့ကိုဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းခိုင်းမယ်ဆိုရင် သူဒီတူမကို မုန်းသွားမှာပေါ့? '' ရှန့်ကွမ်ယန်လန်ရဲ့အဖေ,ရှန့်ကွမ်လျန်က အပြင်ပန်းမှာသာ ကြင်နာသလိုလိုနဲ့ တကယ်တော့ သူကအချိန်တိုင်းလိုလို ကလိမ်ကကျစ်ကျပြီး တွက်ချက်တတ်တဲ့လူစားမျိုးပဲ။ သူကအရမ်းစက်ဆုပ်ဖို့ကောင်းပြီး အဟုတ်မာဆုံးလူဆိုရင်လဲမမှားဘူး။မားမားလင်ပြန်ပြောစရာစကားမဲ့သွားသည်။ အရင်တစ်ခေါက် သခင်မက ရှန့်ကွမ်အိမ်တော်ကို ပြန်သွားချင်ပေမဲ့ သခင်ကြီးက သူ့ကိုမတွေ့ချင်ခဲ့ဘူး။ သခင်မက မရိုးသားတဲ့ကုန်သည်လိုမျိုးစီးပွားရေးကို လုပ်တဲ့အတွက်ကြောင့် သခင်ကြီးက အမြဲတမ်းရွံရှာနေခဲ့တာ။
သို့ပေမဲ့ သခင်မရဲ့စီးပွားရေးက ကောင်းသထက် ကောင်းလာပြီး နိုင်ငံလေးနိုင်ငံကို သတင်းမွှေးလာတဲ့ အခါကျမှ သခင်ကြီးကနောင်တရစပြုလာတယ်။ သူဘယ်လောက်ပဲ ကုန်သည်တွေကိုအထင်သေးပါစေ ရလာတဲ့ငွေကို ရွံရှာဖို့ကတော့ မဖြစ်နိုင်ဘူးလေ။ ငွေကကောင်းတဲ့အရာဆိုတာ မသိတဲ့သူ ရှိပါ့မလား?
'' ထားလိုက်တော့ ဒီကိစ္စကို ဘယ်လိုလုပ်ရမလဲ ငါသိတယ်။ ချဲအာ နင်ဒီမှာနေခဲ့ပြီး ဒုတိယသခင်မလေးကို ဂရုစိုက်ပေး။ မားမားလင် ခန်းမထဲကို ငါနဲ့လိုက်ခဲ့ '' ဒီလိုစီစဥ်ရတဲ့အကြောင်းက မားမားလင်ကိုနောက်ချန်ထားခဲ့ရင် လင်းယန်ကို အနိုင်ကျင့်မှာစိုးလို့ပင်။
'' ဟုတ်ကဲ့ '' မားမားလင်မှာ ဘာမှမတတ်နိုင်သည့်ပုံစံဖြင့်သာ ပြန်ဖြေနိုင်တယ်။
ယွင်လင်းရွှမ်ကဆယ်နှစ်သာရှိသေးသည်။ ဒါပေမဲ့ သူမရဲ့ကွယ်လွန်သွားတဲ့အဖေနဲ့ ဆင်တူတာမလို့ အရပ်တော်တော်ရှည်တယ်။
သူမ့ပုံစံက တည်ငြိမ်နေပြီးတော့ နားလည်ရခက်တဲ့ အေးချမ်းမှုပါရှိနေသည့် ဆယ့်နှစ် ၊ဆယ့်သုံးအရွယ်မိန်းကလေးကဲ့သို့ပုံပေါ်သည်။
![](https://img.wattpad.com/cover/279507739-288-k176147.jpg)
YOU ARE READING
The Ultimate Business Lady [Myanmar Translation ]
RomanceOriginal Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is not my own.This is just for Fan Translation. Full credit to The ORIGINAL AUTHOR and English Translators. Starting date - 29/8/21 Both Unico...