Chapter 15

3.9K 518 4
                                    

Unicode

Ch-15 ရှန့်ကွမ်ယန်လန်

အမှန်ပဲ..အရင်တုန်းကသူဟာ ရှန့်ကွမ်ယန်လန်လာတဲ့အချိန်တိုင်း အမြဲတမ်း စိတ်လှုပ်ရှားနေပြီး ယွင်လင်းယန်ကို မြင်ရတာထက်ကို ပိုပြီးပျော်ခဲ့တယ်။
ဒါပေမဲ့ အခုတော့မဟုတ်တော့ဘူး
ယွင်လင်းရွှမ်ဆိုတဲ့သူက အသုံးချချင်တိုင်းအသုံးချလို့ရတဲ့ အရူးမဟုတ်တော့ဘူးဆိုတာ လူတိုင်းကို သိစေချင်တယ်။

'' မားမားလင် အခုအဖေနဲ့အမေက မြေမချရသေးဘူး။ အဲ့တာကိုငါကအမဝမ်းကွဲကို အိပ်ဆောင်ထဲခေါ်ပြီးတော့ ပျော်ပျော်ရွှင်ရွှင် စကားပြောနေရမှာလား? '' ယွင်လင်းရွှမ်ရဲ့ အမူအရာကအရမ်းကိုအေးစက်နေပြီး သတိပေးချက်ပါပါဝင်နေသည်။

မားမားလင်ရဲ့အမူအရာလဲ ပြောင်းလဲသွား
ကာ သူစကားပြောမှားသွားမှန်းသိလိုက်တယ်။ ဒါမဲ့ ဘေးအဆောင်နဲ့မမလေးအခန်းက အရမ်းကိုကွာခြားတဲ့ဆက်ဆံမှုမျိုးပဲ။

ဘေးအဆောင်မှာဧည့်ခံတာက ဆက်ဆံရေးကသိပ်မရင်းနှီးဘူးဆိုတဲ့သဘောမျိုးဖြစ်ပြီး မမလေးအခန်းဆီလာမယ်ဆိုရင် မမလေးကသူ့အမဝမ်းကွဲကိုတန်ဖိုးထားတယ်ဆိုတာကို ကြေညာပြီးသားဖြစ်သွားပြီ။ မမလေးက သူပြောတာကိုနားလည်ပေမဲ့ တမင်သက်သက်ဒီလိုလုပ်တာလို့ မားမားလင်ခံစားမိသည်။ ထို့နောက် မမလေးပြောတဲ့အတိုင်း သွားစီမံလိုက်တယ်။

ဘေးကယွင်လင်းယန်က မားမားလင်သူ့ကိုသဘောမကျမှန်းသိလို့ လင်းရွှမ်နဲ့မားမားလင်ရဲ့စကားဝိုင်းတစ်လျှောက်လုံး ဘာတစ်လုံးမှဝင်မပြောဘဲ သတိထားနေသည်။

'' ယန်အာ '' လင်းရွှမ်ဟာ ရှစ်နှစ်သာရှိသေးတဲ့ဒီအ​ဖေတူအမေကွဲညီမအပေါ်မှာ မကောင်းတဲ့စိတ်တွေမရှိတော့ဘူး။ သူကအေးအေးဆေးဆေးပဲ နေချင်တာကိုသူသိတယ်။ အမလုပ်တဲ့သူက အရင်ဘဝက သူ့ကိုအန္တရာယ်ပေးဖို့ လုပ်ခဲ့တယ်။ ဒီဘဝမှာတော့ သူ့ကိုငြိမ်းချမ်းတဲ့ ဘဝလေးပေးချင်တယ်။

'' မမ? '' ယွင်လင်းယန်က ကြောင်တောင်တောင်လေးနဲ့ ပြန်ထူးတယ်။

'' နည်းနည်းလောက် ကိုယ်လက်သန့်စင််လိုက်... ပြီးတော့ရှုပ်ပွနေတဲ့ဆံပင်ကိုလဲရှင်းဦး။ ပြီးရင် မမနဲ့လိုက်ပြီး အမဝမ်းကွဲကိုလိုက်တွေ့ '' လင်းရွှမ်ရဲ့စကားကြောင့် ယွင်လင်းယန်ရဲ့မျက်လုံးတွေပြူးကျယ်သွားကာ သူများနားကြားမှားသလားဆိုပြီး အတွေးပေါက်သွားသည်။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now