Unicode
Ch-16 သံမဏိကဲ့သို့မာကျောသည်
အခုချိန်မှာ ရှန့်ကွမ်ယန်လန်ကငယ်သေးတယ်။ သူအကြံအစည်နဲ့လာရင်တောင်မှ သူကဆယ့်သုံးနှစ်ပဲရှိသေးတဲ့ကလေးတစ်ယောက်ပဲ။ အခုလိုရုတ်ချည်း ပြောင်းလဲမှုကြောင့် သူဘာပြန်ပြောရမလဲ မသိဖြစ်သွားကာ အနေခက်စွာ ပြန်ပြောလာတယ် '' ရွှမ်အာ အမဝမ်းကွဲက ဦးလေးနဲ့ဒေါ်လေးကိုတွေးမိတော့ အရမ်း စိတ်မကောင်းဖြစ်မိလို့ပါ။ အမက နင့်ဆီကိုစောစောလာပြီးအဖော်မပြုမိတာကို နောင်တရမိလို့ပါ ''
စောစောလာမယ်?လင်းရွှမ်စိတ်ထဲမှာ လှောင်ရယ်လိုက်သည်။ ရှန့်ကွမ်မိသားစုက အကျိုးအမြတ်တွေကို သေသေချာချာမတွက်ချရသေးရင် စောစောလာပါ့မလား?
'' အမဝမ်းကွဲဒီလိုတွေးတာနဲ့တင် အရမ်းကောင်းနေပါပြီ။ ဒါပေမဲ့လဲ အမေက လက်ထပ်သွားတဲ့မိန်းမသားပါ။ အရင်ကနဲ့မတူတော့ပါဘူး! '' လင်းရွှမ်၏မျက်နှာပေါ်မှာ ဝမ်းနည်းမှုကလွဲ၍ တခြားခံစားချက်တွေရှိမနေဘဲ ပြောလိုက်တဲ့စကားတွေကတော့ အရမ်းသူစိမ်းဆန်လွန်းသည်။'' ဘယ်လိုလုပ်မတူဘဲနေမှာလဲ? တကယ်တော့ အဖေနဲ့အမေကဒီကို လာချင်နေတာ။ ဒါမဲ့ ဦးလေးနဲ့ဒေါ်လေးက မြေမချရသေးတော့ သူတို့မကြာခဏလာနေရင် မလိုအပ်တဲ့ပြဿနာတွေ ဖြစ်လာမှာစိုးရိမ်နေတာ။ အဲ့တာကြောင့် သူတို့ရင်ထဲကဝမ်းနည်းမှုတွေကို မျိုသိပ်ပြီးမလာခဲ့တာ! '' ရှန့်ကွမ်ယန်လန် နီရဲနေတဲ့မျက်လုံးတွေနဲ့ ရှင်းပြတယ်။
'' ရွှမ်အာ အမရဲ့အဖေနဲ့ဒေါ်လေးတို့ရဲ့ ဆက်ဆံရေးက အမြဲတမ်းကောင်းခဲ့တာကို နင်လဲသိတာပဲ။ ဒေါ်လေးတစ်ခုခုဖြစ်သွားတာ ကို အဖေသိတော့ သူစိတ်ထိခိုက်ပြီးငိုလိုက်တာဆိုတာ သူဒီလောက်ငိုတာ အမတစ်ခါမှမမြင်ဖူးဘူး ''အရင်ဘဝတုန်းက ရှန့်ကွမ်ယန်လန်ရဲ့ ဒီစကားတွေကြောင့် လင်းရွှမ်ရဲ့နှလုံးသား ချက်ချင်းစိတ်လှုပ်ရှားသွားခဲ့တယ်။ ဒါပေမဲ့ ဒီဘဝမှာတော့ မဖြစ်နိုင်တော့ဘူး။ ရှန့်ကွမ်မိသားစုမှာ ဘယ်လိုရည်ရွယ်ချက်မျိုးပဲရှိရှိ လင်းရွှမ်ရဲ့နှလုံးသားကတော့ သံမဏိလိုမာကျောနေပြီ။
'' မနက်ဖြန်သဘက်ခါဆိုရင် အဖေနဲ့အမေကို မြေချပေးတော့မှာ။ အမဝမ်းကွဲအိမ်ပြန်ပြီး ဦးလေးနဲ့ဒေါ်လေးကို အဲ့နေ့ကျရင်စောစောလာခဲ့ဖို့ ပြောလိုက်ပါ။ ဒီနေ့တော့ အမအရင်ပြန်လိုက်တော့နော် '' လင်းရွှမ် အခုအချိန်မှာအခြေခံကျတဲ့လူမှုဆက်ဆံရေးတောင် သူမလုပ်ပေးချင်တော့ဘူး။ အခုချိန်မှာရှန့်ကွမ်ယန်လန်က ငယ်သေးတာမလို့ စကားအချေအတင်ဖြစ်နေရင်လဲဘာမှမထူးဘူး။
![](https://img.wattpad.com/cover/279507739-288-k176147.jpg)
YOU ARE READING
The Ultimate Business Lady [Myanmar Translation ]
RomanceOriginal Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is not my own.This is just for Fan Translation. Full credit to The ORIGINAL AUTHOR and English Translators. Starting date - 29/8/21 Both Unico...