Chapter 23

3.5K 477 9
                                    

Unicode

Ch-23 ကျေးဇူးမသိတတ်သော

ရှန့်ကွမ်ယန်လန်ရဲ့အရောင်တဖျတ်ဖျတ်လက်နေတဲ့အကြည့်၊ ရှန့်ကွမ်လျန်ရဲ့အသက်အောင့်ပြီး မျှော်လင့်စောင့်စားနေတဲ့ပုံစံကိုမြင်တော့ သိပ်ကိုရယ်စရာကောင်းတာပဲလို့
လင်းရွှမ်တွေးမိလိုက်တယ်။ သူမရဲ့တိတ်ဆိတ်နေမှုကြောင့် လူတိုင်းရဲ့စိတ်တွေ
ဂနာမငြိမ်ဖြစ်ကာ ထိတ်လန့်နေကြသည်။ ဒါပေမယ့် သူမ့ဘေးမှာ ဒီလောက်လူတွေအများကြီးရှိနေပေမယ့် ဘယ်သူကများ သူမ့ကိုတကယ်စိုးရိမ်ပြီး ဂရုစိုက်လို့လဲ?

သူမဘေးမှ စကားဝင်ပြောဖို့တွန့်ဆုတ်နေတဲ့
ဦးလေးဟယ်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ ကြည့်ရတာ သူမ့အပေါ်တကယ့်စိတ်ရင်းနဲ့ဂရုစိုက်ပြီး ယွင်မိသားစုပျက်စီးခြင်းရောက်မှာကို စိုးရိမ်နေတဲ့သူက ဦးလေးဟယ်တစ်ယောက်တည်းပဲရှိတဲ့ပုံပဲ။ 

'' အမဝမ်းကွဲက ဘာကိုပြောချင်တာလဲ? အရင်တုန်းက ညီမမိဘတွေကရှိတုန်းမလို့ ညီမလေးက အမဝမ်းကွဲကို​လက်ဆောင်တွေပေးခဲ့တာလေ။ အဖေနဲ့အမေရှိနေသရွေ့ ညီမလေးဘာပစ္စည်းပဲလိုချင်ချင် ထပ်တောင်းလိုက်လို့ရတယ်။ ဒါမဲ့အခု အဖေနဲ့အမေက မရှိကြတော့ဘူး။ ဘယ်သူကမှ ညီမလေးကို ထောင်တိစားသောက်ဆိုင်နောက်တစ်ဆိုင် ထပ်ပေးမှာမဟုတ်ဘူး။ အဲ့တော့ ဒီစားသောက်ဆိုင်ကတကယ်ပဲအရှုံးပေါ်ခဲ့ရင်တောင် အဲ့တာကရွှမ်အာရဲ့အပြစ်ပဲမလို့ ညီမလေးကတော့ ထောင်တိစားသောက်ဆိုင်ကို အမဝမ်းကွဲကို လုံးဝမပေးနိုင်ဘူး '' ရွှမ်အာကသူမလဲဘာမှမတတ်နိုင်သလိုမျိုး ဖြေးညင်းစွာပြောလိုက်သည်။
ဒါပေမဲ့ သူမစကားတွေက ဒီမှာရှိနေတဲ့လူတွေကိုမျက်နှာပျက်သွားစေတယ်။ အထူးသဖြင့် ရှန့်ကွမ်ယန်လန်ရဲ့အမူအရာပေါ့။

ရှန့်ကွမ်ယန်လန်သည် သူမ့မျက်စိရှေ့က မလည်မဝယ်မျက်နှာလေးနဲ့ယွင်လင်းရွှမ်ကို
ကြည့်လိုက်သည်။ တစ်ခုခုမှားနေသလို သူမခံစားနေရပေမယ့် ဘာမှားနေမှန်းတော့ သူမ,မသိဘူး။

'' အားယိုး...ရွှမ်အာရယ် မင်းနဲ့မင်းအမဝမ်းကွဲက အရမ်းချစ်ကြတာမလား? ဒီထောင်တိစားသောက်ဆိုင်ရဲ့ စီးပွားရေးကတော်တော်ကြီးဆိုးနေလို့ ဆိုင်ရှင်ကတောင် ဒီလိုလာပြီးအကူအညီတောင်းနေရတဲ့ဟာကို။
ဒီတိုင်းသမီးဘက်ကပဲအလျှော့ပေးပြီးတော့
ဒီစားသောက်ဆိုင်ကို မင်းအမဝမ်းကွဲကို ပေးလိုက်လို့မဖြစ်ဖူးလား? ''

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now