Chapter 27

3.4K 504 7
                                    

Unicode

Ch-27 ရည်ရွယ်ချက်ရှိရှိသတိပေးခြင်း

'' မားမားလင်ပြောချင်တာက နောက်ဆိုရင်
ဒီမမလေးက ရှင့်စကားကိုနားထောင်ရမယ် ပေါ့ ဟုတ်လား? '' လင်းရွှမ်ရဲ့မျက်နှာမှာ ထူးဆန်းတဲ့အပြုံးတစ်ခုရှိနေတယ်။
လင်းရွှမ်ဖြေးညင်းစွာမေးလိုက်တယ်
'' အဲ့တော့ မားမားလင်ရဲ့သဘောက ထောင်တိစားသောက်ဆိုင်ကို ရှန့်ကွမ်ယန်လန်ကို ပေးလိုက်သင့်တယ်ပေါ့? '' သူမ့အသံက ပုံမှန်နဲ့ကွဲပြားစွာ ညင်သာနေပေမယ့် စူးရှတဲ့မျက်ဝန်းတွေကြောင့် မားမားလင်တစ်ယောက် တုန်ယင်သွားတယ်။

မားမားလင်စိတ်ထဲရှိတဲ့အတိုင်းသာ ဖြေရမယ်ဆိုရင် ' ယွင်မိသားစုမှာ လုပ်ငန်းတွေအများကြီး ရှိနေတာပဲ။ ထောင်တိစားသောက်ဆိုင်ကို သခင်မလေးရှန့်ကွမ်ကိုပေးလိုက်လဲ ပြဿနာမှမဟုတ်တာ။ ဘာပဲဖြစ်ဖြစ် အဲ့ဆိုင်ကလဲ အရှုံးပေါ်နေတဲ့ဟာ... နောက်ဆုံးတော့ နင်တို့နှစ်ယောက်လုံးက ဝမ်းကွဲတွေပဲလေ '

ဒါပေမဲ့ သခင်မလေးရဲ့နက်ရှိုင်းတဲ့အကြည့်တွေကို မြင်လိုက်တဲ့အခါမှာတော့ သူမစိတ်ထင့်သွားပြီး အဲ့အကြောင်းကိုထပ်မတွေးတော့ဘဲ ချက်ချင်းပဲ ပြန်ဖြေလိုက်တယ်
'' ဒါတွေက သခင်မချန်ရစ်ခဲ့တဲ့ပစ္စည်းတွေပါ ဘယ်လောက်ပဲ အခြေအနေဆိုးဆိုး ကျွန်မတို့သေချာသိမ်းထားပြီး သခင်လေးပြန်အလာကို စောင့်သင့်ပါတယ် ''

မားမားလင်ရဲ့ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ချောင်ပျောက်နေတဲ့ပုံစံကိုကြည့်ပြီး လင်းရွှမ်တစ်ယောက်ကျိတ်ပျော်သွားပေမဲ့ အပြင်ပန်းမှာတော့ လေးနက်စွာပြောလိုက်တယ်။
'' မားမားလင်က ယွင်မိသားစုအတွက် တကယ့်ကို စဥ်းစားပေးတတ်တာပဲ။ ကြည့်ရတာ ငါအထင်လွဲသွားတဲ့ပုံပဲ ''

မားမားလင်ရဲ့ စိတ်သက်သာရာရသွားတဲ့အကြည့်ကိုမြင်တော့ လင်းရွှမ်ထပ်ပြောလိုက်တယ် '' မားမားလင်က ဒီလိုပြောမှတော့ စားသောက်ဆိုင်ကို မပေးတော့ဘူး။ နောက်ကျရင် အမဝမ်းကွဲကို စာပို့ပေးရမယ်။ စားသောက်ဆိုင်က အမေကအစ်ကိုအတွက်ချန်ခဲ့တာလို့ မားမားလင်ရဲ့အတွေးတွေကို သေချာပြောပြလိုက်ပါ့မယ်။ ကောင်းကောင်းဆိုးဆိုး ဒါကအမေချန်ခဲ့တာပဲလေ။ မပေးတာပဲ ကောင်းပါတယ်.....
အစကတော့ အမဝမ်းကွဲကို ပေးလိုက်ရင်ကောင်းမလားလို့ စဥ်းစားနေတာ... သေချာတွေးကြည့်လိုက်တော့ ဟုတ်တာပဲ အဲ့ဆိုင်ကိုသာ ပေးပစ်လိုက်ရင် ငါ့ကို မားမားလင်ကသေချာပေါက် အပြစ်တင်နေတော့မှာ ''

The Ultimate Business Lady [Myanmar Translation ]Donde viven las historias. Descúbrelo ahora