Chapter 11

4.1K 559 4
                                    

Unicode

Ch-11 အစေခံဆိုး

'' အိုက်ယား..သခင်မလေးရယ်..မမလေးရဲ့ နဖူးတွေတောင်နီရဲကုန်ပြီ။ အဲ့လိုဆိုရင် သခင်မကြီးရင်တွေကွဲမှာပေါ့ '' မားမားဟွမ် ကရှေ့တိုးလာပြီး လင်းရွှမ်ကိုထူပေးသည်။

'' ရွှမ်အာ ဒီကိုလာပါဦး... သမီးကိုအဘွားကြည့်ရအောင် '' မားမားဟွမ်ပြောတာကို သခင်မကြီးယွင်ခဲကြားလိုက်တော့ ချက်ချင်း
လင်းရွှမ်ကိုအနားကိုလာဖို့ခေါ်လိုက်တယ်။

ဒီမြေးအဘွားနှစ်ယောက်က အရမ်းကို ချစ်ခင်ရင်းနှီးနေတဲ့မြေးအဘွားလိုမျိူး ပြုမူနေကြတယ်။ တခြားတဖက်မှာတော့ မားမားလင်က သခင်မကြီးယွင်ခဲဘာပြောပြော ကလန်ကဆန်လုပ်ပြီးတော့ သခင်ကိုအကောင်းဆုံးကာကွယ်ပေးမယ့်ပုံစံမျိုးလုပ်
ချင်ပေမဲ့ ဒီမြင်ကွင်းကို
မြင်လိုက်ရတော့ သူမ့အကြံတွေအကုန်လုံး သဲထဲရေသွန်သလိုဖြစ်သွားသည်။
သူမ့ရင်ထဲမှာကြောင်တစ်ကောင်ကုတ်ခြတ်နေသလိုခံစားနေရပြီး သူမရူးချင်စိတ်တောင်ပေါက်နေပြီ။

အခြေအနေတွေကဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ?

သူမကမမလေးကို သူ့အဘွားဖြစ်တဲ့သခင်မကြီးယွင်ခဲက သူ့အမေ ရှန့်ကွမ်ယွမ်က်ို
ယွင်အိမ်တော်ထဲဝင်ဖို့ခွင့်မပြုခဲ့သလို သူ့အဖေကိုလဲ ​မြို့တော်မှာနောက်ထပ် ယွင်မိသားစုထူထောင်ဖို့ ဘယ်လိုမျိုးဖိအားပေးခဲ့ကြောင်း ၊ နောက်ပြီးတခြားမကောင်းတဲ့အရာတွေလဲလုပ်ခဲ့တယ်ဆိုပြီး အမြဲပြောပြနေခဲ့တာ။ သူမ့မှတ်ဉာဏ်ထဲမှာတော့ မမလေးက အထိန်းတော်ဖြစ်တဲ့သူမ့ကို သူ့အဘွားရင်းထက်တောင် ပိုပြီးကောင်းကောင်းဆက်ဆံတယ်။

နှစ်တိုင်းနှစ်သစ်ကူးရောက်ရင် မမလေးက အမြဲငိုယိုပြီး ယွင်အိမ်တော်ကိုမသွားချင်ဘူး ဆိုပြီး ဂျီကျတတ်တယ်။ အခုဒီကိုလာတဲ့အချိန်မှာလဲ မမလေးကယွင်အိမ်တော်ကလူတွေကို ဇွတ်တရွတ်ဆက်ဆံလိမ့်မယ်လို့မှန်းထားခဲ့တာ။ ဒါပေမဲ့ ဒီလိုကိစ္စဖြစ်လာလိမ့် မယ်လို့ သူမထင်ထားဘူး။ မမလေးကိုသူမေးချင်မိတယ်... ဘာတွေဘယ်လိုများဖြစ်သွားတာလဲ?

ဒါမဲ့ သူသာဒီလိုစကားမျိုးတွေ တကယ်ထုတ်ပြောရဲရင် ယွင်မိသားစုအိမ်မှာဆက်ရှိနေဖို့
မဖြစ်နိုင်တော့ဘူး။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now