Unicode
Ch-9 ယွင်မိသားစုအိမ်သို့ အပြန်
'' သခင်မလေးယန်အာ..အရင်ကသခင်မက သခင်မလေးကို မမလေးလင်းရွှမ်နားမလာဖို့ ပြောထားတယ်မဟုတ်လား? '' လင်းရွှမ်
ဘာမှတောင်မပြောရသေးဘူး။ မားမားလင်ကအရင်ဒေါသထွက်နေတယ်။လင်းရွှမ်မျက်မှောင်ကြုတ်လိုက်ပြီး သူ့မှတ်ဉာဏ်တွေထဲမှာ ရှာကြည့်လိုက်တယ်...
အရင်ဘဝကကလေးဘဝတုန်းက သူမငယ်သေးတာကြောင့် မမှတ်မိတာတွေရှိပေမဲ့ သူတချို့ကိစ္စတွေကိုတော့ ရှင်းရှင်းလင်းလင်းမှတ်မိနေသေးတယ်။ယန်အာရဲ့မွေးဖွားခြင်းက သူ့မိဘတွေအတွက် ပျော်ရွှင်စရာကိစ္စမဟုတ်ခဲ့ပေမဲ့ သူမအမေက သူ့ကိုယန်အာနဲ့နီးနီးကပ်ကပ်မနေဖို့ တစ်ခါမှမပြောခဲ့ဖူးဘူး။ ယန်အာကကိုယ်လုပ်တော်ဖွားဖြစ်ပေမဲ့လည်း အိမ်မှာဆို လင်းရွှမ်အပေါ်ဆက်ဆံပေးတဲ့အတိုင်း ယန်အာကိုဆက်ဆံပေးကြတာပဲ။ ဒါဟာ သူမ့အမေရဲ့ဂရုတစိုက်လုပ်ပေးတတ်တဲ့ကြိုးစားမှုဖြစ်ပြီး ယန်အာအပေါ်မှာမကျေနပ်တာမျိုးမရှိဘူး။
အရင်ဘဝကသူမ မားမားလင်အရူးလုပ်တာ ခံခဲ့ရတယ်။ ယန်အာနဲ့ရင်းရင်းနှီးနှီးမနေခဲ့သလို သူ့ကိုရှင်းထုတ်ပစ်ဖို့ အမြဲတမ်းကြိုးစားနေခဲ့တာ။ နောက်ဆုံးမှာတော့ သူ့အဘွားပဲယန်အာကို
ကာကွယ်ပေးခဲ့တာ။အပြင်ပန်းအေးစက်ပြီး နွေးထွေးတဲ့နှလုံးသားကိုပိုင်ဆိုင်တဲ့သူ့အဘွားကို သူမအရင်ကမမြင်နိုင်ခဲ့ပေမဲ့ ဒီဘဝမှာတော့ လုံးဝလက်မလွှတ်တော့ဘူး။
'' မားမားလင် အမေကအခုမရှိတော့ဘူး။ ဒါကြောင့် အမေ့ကိုလေးစားပါ '' လင်းရွှမ်အေးစက်စွာပြောလိုက်ပြီး ရှေ့ကိုလျှောက်သွားကာ ယွင်လင်းယန်၏သေးငယ်တဲ့လက်လေးတွေကို သူမ့လက်တွေနဲ့ဆုပ်ကိုင်လိုက်ပြီး နူးညံ့စွာပြောလိုက်တယ်။ '' ယန်အာ..မမပြန်လာပြီ! ''
ယွင်လင်းယန် သူမ့အစ်မဖြစ်သူကိုရင်းနှီးချင်ပေမယ့် တစ်ချိန်တည်းမှာပဲ ကြောက်လဲကြောက်နေမိတယ်။ သူမ့အစ်မအရင်ကလိုပဲ သူမ့ကိုမနှစ်သက်တဲ့အကြည့်တွေနဲ့ ကြည့်မှာကို သူမကြောက်တယ်။ ဒါပေမဲ့ အခုလို နူးညံ့နေတဲ့အစ်မကြောင့် သူမ့နှလုံးသားလေး
နွေးထွေးသွားတယ်။
DU LIEST GERADE
The Ultimate Business Lady [Myanmar Translation ]
RomantikOriginal Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is not my own.This is just for Fan Translation. Full credit to The ORIGINAL AUTHOR and English Translators. Starting date - 29/8/21 Both Unico...