Chapter 30

3.4K 472 8
                                    

Unicode

Ch-30 အချင်းချင်းမျက်စိစပါးမွှေးစူးနေခြင်း

ယွင်ပေါ်က လင်းရွှမ်ရဲ့ တတိယဦးလေးရဲ့တစ်ဦးတည်းသောသားပဲ။ သူက ငယ်ငယ်လေးကတည်းက အလိုလိုက်ခံထားရတာမလို့ အကျင့်စရိုက်ကမောက်မာလွန်းတယ်။
သူကယွင်မိသားစုက ညီအစ်မနှစ်ယောက်ကို မကြာခဏ အနိုင်ကျင့်လေ့ရှိတာကြောင့် လင်းရွှမ်တို့က ဒီအစ်ကိုဝမ်းကွဲကိုအရမ်းကြောက်ခဲ့ကြတာ။

ဦးလေးဟယ်က ယွင်ပေါ်ကိုသွားခေါ်တော့ ယွင်ပေါ်ရဲ့အကြည့်က မသင်္ကာမှုတွေနဲ့ပြည့်နေတယ်။ အဲဲဒီသတ္တိနည်းပြီး ရှက်တတ်​ကြောက်တတ်တဲ့ညီမဝမ်းကွဲက ဘာလို့သူ့ကို ယွင်အိမ်ဆီလာဖို့ပြောလဲတော့ သူမသိဘူး။ သူကို သူတို့မကြောက်ဘူးလား? သူ့ကိုလာခိုင်းဖို့ ဘယ်ကသတ္တိတွေ ရလာတာလဲ?

ယွင်ပေါ်တင်မဟုတ်ဘူး လင်းရွှမ်ကလွဲပြီး ကျန်တဲ့သူတွေက သူမရဲ့ဖိတ်ခေါ်ချက်နဲ့ ပတ်သက်ပြီး အဖြေမရဖြစ်နေကြသည်။
လင်းရွှမ်တကယ်ပဲဘာလုပ်ချင်လဲဆိုတာ သူတို့မသိကြဘူး။

'' ယွင်လင်းရွှမ် နင်ဘာလုပ်ချင်လို့လဲ?
ဘာလို့ဒီသခင်လေးက်ို လာခေါ်နေတာလဲ? ''
လင်းရွှမ်ရဲ့ထူးထူးဆန်းဆန်းကျောချမ်းစရာကောင်းတဲ့အပြုံးကြီးကို ယွင်ပေါ်မြင်လိုက်တော့ ဘာကြောင့်မှန်းမသိ သူ့ဘဝကြီး ပြောင်းလဲတော့မလိုမျိုး မကောင်းတဲ့ခံစားချက်ကြီးရလိုက်တယ်။

'' စာကြည့်ခန်းထဲကို သွားရအောင် '' လင်းရွှမ်သည်အားလုံးရဲ့ထိတ်လန့်နေတဲ့ အကြည့်တွေကို ဥပေက္ခာပြုကာ လှည့်ထွက်သွားသည်။

ချက်ချင်းလှည့်ထွက်သွားတဲ့လင်းရွှမ်ကြောင့်
ယွင်ပေါ် လည်း နှာခေါင်းကိုလက်ဖြင့်ကုတ်ရင်း နောက်ကနေလိုက်သွားသည်။
အပြင်ပန်းမှာတော့ သူ့မျက်နှာမှာ ဘာအမူအရာမှရှိမနေပေမယ့် စိတ်ထဲမှာတော့ဇဝေဇဝါဖြစ်နေတယ်။ သူရဲ့ညီမဝမ်းကွဲကို အနိုင်ကျင့်ချင်တဲ့စိတ်တွေ ဘယ်ပျောက်သွားလဲအဖြေရှာမရဖြစ်နေ၏။

ယွင်လင်းရွှမ်၏ဖြောင့်မတ်နေသည့်ကျောပြင်ကို ကြည့်ရင်း သူ့ရင်ထဲမှာ တစ်ခုခုပြောင်းလဲသွားတာကို သိလိုက်တယ်။

The Ultimate Business Lady [Myanmar Translation ]Dove le storie prendono vita. Scoprilo ora