Unicode
Ch-38 ရှန့်ကွမ်ရဲ့အကြံအစည်
'' ငါမမူးဘူး... သေရည်တစ်စက်တောင် မသောက်ရသေးဘူး။ အရမ်းကို ကြည်လင်နေတာ! '' ရှန့်ကွမ်ယန်လန်က သူ့ကို အထင်သေးသလို ကြည့်နေတာကို မြင်တော့ သူအော်ပစ်လိုက််တယ်။ '' နင်မသိဘူးလား? ဒီနေ့ ယွင်လင်းရွှမ်ကယွင်ပေါ်ကို ငွေတစ်သောင်းတောင် လူတစ်ယောက်ကို ပေးခိုင်းလိုက်တယ်။ အဲ့ဒါကို ဟွားဝူဂေဟာရဲ့အပျော်စီးလှေပေါ်က လူတိုင်းမြင်လိုက်တယ်။ တခြားသူတွေက ငါရောဘယ်လောက်ရလဲလို့မေးရင် ငါ့ရင်ထဲမှာ ဘယ်လိုခံစားနေရလဲ နင်သိလား? ''
'' အန်းအာ သားပြောတာက ယွင်လင်းရွှမ်က ယွင်ပေါ်ကို ဘဏ်စာရွက်တွေပေးလိုက်တယ် ဟုတ်လား? '' သခင်မကျောက်ရောက်လာတဲ့ အချိန်မှာ သူ့သားရဲ့အော်သံကို ကြားလိုက်ရတော့ စိတ်ပူစွာမေးတယ်။
'' ဟုတ်ပါတယ်ဆို အား! အဲ့တာက ငွေတစ်သောင်းတိတိပဲ။ အမေ ယွင်လင်းရွှမ်နဲ့ စကားသွားပြောပါဦး။ ကျွန်တော်က သူ့အမေဘက်က တစ်ဦးတည်းသော သွေးချင်းတော်စပ်တဲ့ အကိုဝမ်းကွဲလေ။ အဲ့ပိုက်ဆံကို ကျွန်တော့်မှာလဲ ရပိုင်ခွင့်ရှိတာပဲ။ ဟုတ်တယ်မလား အမေ? ''
ရှန့်ကွမ်ယုံအန်း သူ့အမေနောက်ကို လိုက်ရင်း
သူ့ရင်ထဲမှာ ငွေတစ်သောင်းကိုတွေးပြီး
ဝုန်းဒိုင်းကြဲနေတယ်။အဲ့ငွေတစ်သောင်းနဲ့ဆိုရင် ဟွားဝူဂေဟာတွေ မိန်းမလှလေးအားလုံး သူ့ဟာပဲ။ သူ့အိမ်ကိုခေါ်လာလို့တောင် ရလောက်တယ်။
သခင်မကျောက်ကတော့ သူ့သားမလိမ်လောက်ဘူးလို့ တွေးနေတယ်။ ဒါ့အပြင် ဒီလိုကိစ္စမျိုးက မေးကြည့်လိုက်ရင် သိမှာပဲ။ အဲ့တာနဲ့ ဘေးက ကြောင်အနေတဲ့သမီးကိုကြည့်လိုက်ပြီး '' ယွင်လင်းရွှမ် ဘာတွေတွေးနေတာလဲ? သူက နင့်ကိုလဲ ထောင်တိစားသောက်ဆိုင်မပေးဘူး။ ဒါမဲ့ ယွင်ပေါ်ကိုကျတော့ ငွေတွေအလဟဿကြီး ပေးပစ်တယ်။ ယွင်အိမ်တော်ကို မျက်နှာလို မျက်နှာရလုပ်ချင်နေတာလား? ''
'' သမီးလဲ မသိဘူး အမေ.. ယွင်လင်းရွှမ်က ပြောင်းလဲသွားသလို သမီးခံစားရတယ်။ တစ်ယောက်ယောက်ကများ သမီးတို့မိသားစုနှစ်ခုကြားက ဆက်ဆံရေးကို ဖျက်ဆီးပြီး သမီးတို့ကို လင်းရွှမ်အမြင်မကြည်အောင် ကြံစည်နေတာလားဆိုတာ အမေစုံစမ်းကြည့်ရင် ပိုကောင်းမယ်! '' ရှန့်ကွမ်ယန်လန်ခဏစဥ်းစားပြီးမှ ပြန်ဖြေလိုက်တယ်။
![](https://img.wattpad.com/cover/279507739-288-k176147.jpg)
KAMU SEDANG MEMBACA
The Ultimate Business Lady [Myanmar Translation ]
RomansaOriginal Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is not my own.This is just for Fan Translation. Full credit to The ORIGINAL AUTHOR and English Translators. Starting date - 29/8/21 Both Unico...