Chapter 5

4.3K 588 2
                                    

Unicode

Ch-5 မြင်းလန့်သွားခြင်း

မြင်းလှည်းကမြန်လဲမမြန် နှေးလဲမနှေးတဲ့အရှိန်ဖြင့် ဖြေးဖြေးနှင့်​မြန်မြန်ရွေ့လျားနေ၏။ အနည်းဆုံးတော့ ဒီအရှိန်လောက်နဲ့ဆို စိတ်သက်သာရာရပြီး ဘာပြဿနာမှရှိမှာမဟုတ်ဘူးလို့ လင်းရွှမ်ခံစားရသည်။ ဒါပေမဲ့ ကိစ္စတွေကဒီလောက်ငြိမ်းချမ်းမယ်လို့
သူမထင်ဘူး။

သူမတွေးလို့မှမဆုံးသေးဘူး ငြိမ်နေတဲ့လှည်းကရုတ်တရတ်တစ်ခုခုနဲ့တိုက်မိသွားသလို
လှုပ်ယမ်းသွားသည်။ မြင်းကခွာပေါက်ရင်း လှည်းလဲဘယ်ညာယိမ်းထိုးသွားသည်။ မားမားလင်နဲ့ချဲအာတို့နှစ်ယောက် ကြောက်လန့်မှုကြောင့် အော်ဟစ်လိုက်ကြပေမယ့်
လင်းရွှမ်တစ်ယောက်သာလှည်းအတွင်း၌ တိတ်ဆိတ်နေတယ်။

အရင်ဘဝတုန်းက မားမားလင်နဲ့ချဲအာတို့ နှစ်ယောက်လုံး လှည်းအတွင်းမှာပဲ သူ့ကိုအဖော်ပြုပေးခဲ့တာ။ အခုတော့မြင်းဘယ်လိုထဖောက်သွားလဲဆိုတာ ကိုယ်တိုင်မြင်လိုက်ရတာကြောင့် အခြေအနေတွေကလုံးဝမတူတော့ဘူး။ သူမသိချင်တာက ဒီဘဝမှာရော ဒီလိုမတော်တဆဖြစ်ပြီးနောက် မားမားလင်တစ်ပုံစံတည်းပဲပြောဦးမလားဆိုတာပင်။

မြင်းထဖောက်တဲ့အချိန်မှာ သူဘာမတော်တဆမှ မဖြစ်ဘူးဆိုတာ လင်းရွှမ်သိပြီးသားပင်။ ဘယ်လိုပဲဖြစ်ဖြစ်
အခုလက်ရှိဖြစ်ပျက်နေတာတွေကတော့
အရင်ကနဲ့ကွဲပြားသွားပြီ။

'' မမလေး... မြင်းလဲငြိမ်သွားပါပြီ လှည်းပေါ်ကနေအရင်ဆင်းလိုက်ပါဦး! ''ချဲအာကြောက်နေပေမဲ့လည်း စိတ်ထိန်း၍ပြောလိုက်တယ်။

လှည်းရဲ့လိုက်ကာကိုမတင်လျက် လင်းရွမ်
သွယ်လျဖြူဖွေးတဲ့သူ့မလက်ကို ဆန့်ထုတ်ကာ ချဲအာရဲ့အကူအညီနဲ့လှည်းအောက်ကို သတိထားပြီးဆင်းလိုက်သည်။ '' ဘယ်လိုဖြစ်တာလဲ? အကောင်းကြီးကနေ မြင်းကဘယ်လိုလုပ်ထဖောက်တာလဲ? ''

'' မမလေး မြင်းကိုတ​ယောက်ယောက်က ရိုက်လိုက်လို့ အခုလိုဖြစ်သွားတာပါ ''
မြင်းဇက်ကြိုးကိုကိုင်ထားတဲ့လူက လေးစားစွာပြန်ဖြေသည်။ အဲ့လူကပဲ
မြင်းကိုထိန်းလိုက်တာဖြစ်လိမ့်မယ်။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now