အခန်း(၁)

57.3K 2.2K 55
                                    

"ကျွန်မ မှာတာ ဒါမှမဟုတ်တာ"
အရမ်းဇီဇာကြောင်လွန်းသည့်အတွက် အလုပ်တွင်လည်း လူကြောက်၊ လူမုန်းများလှသည့် သစ္စာ Company ပိုင်ရှင်ပျိုမြင့်မြတ်ချယ်။

"မဟုတ်ဘူးမမ၊ ဆိုင်မှာ မမပြောတာနဲ့အနီးကပ်ဆုံးတူတာ ဒါပဲရှိလို့ ညီမ ဝယ်လာလိုက်တာပါ"
"တထေရာတည်း တူတာကို လိုချင်တာလေ ..ဆင်တူလိုချင်တယ်လို့ ကျွန်မ မပြောလိုက်ဘူး ၊ အလုပ်ကို အလုပ်နဲ့တူအောင်လုပ်ပါ အများကြီးတွေပြောရတော့ ကျွန်မ ကို လူမုန်းများတယ်"
လူမုန်းများတယ်ဟုသာ သူမနှုတ်မှထွက်ပေမဲ့ သူမ ထိုအရာများအတွက် ဂရုမစိုက်ချေ။

ပျိုမြင့်မြတ်ချယ် ၏ ပုံစံမှာ အရပ်ရှည်ရှည် ကိုယ်လုံးတောင့်တောင့် ဖြစ်ပြီး တစ်နည်း ပြောရရင် မြန်မာဆန်သည့်ကိုယ်လုံး ရှိသည်။ မိခင်ဖြစ်သူ သဘင်လောက၏ ဘုရင်မ တစ်ပါး ဟု တင်စားရသည့် ချိုချို ၏ လေ့ကျင့်ပေးမှုများအောက်တွင် ကြီးပြင်းလာသည့်အတွက် ကိုယ်လုံးကိုယ်ပေါက် အချိုးကျလှ၏။

သူမ မရှိခင် ဝန်ထမ်းများရှိရာနေရာမှာ ပြုံးပျော်ရွှင်ကာ စကားပြောသံ၊ရယ်သံများနှင့် လွှမ်းခြုံနေသော်လည်း နေ့လည်နေ့ခင်း နေ့လယ်စာ စားရန် အပြင်သို့ ထွက်လာချိန် တွင် ရှေ့တွင် လွှမ်းခြုံခဲ့သော ရယ်သံများ ပျောက်ကွယ်သွားပြီး တိတ်ဆိတ်သွားတော့သည်။​

ပျိုမြင့်မြတ်ချယ် လို့ ကြားလိုက်သည့်နှင့်အမျှ နောက်ဆုံးပေါ် ဖုန်း၊ နောက်ဆုံး ပစ္စည်း များကိုသာ ပြေးမြင်ကြသည်မှာ အမှန်ပင်။ တစ်နေ့တစ်မျိုးမရိုးရတဲ့ မြန်မာဆန်ဆန် ဝတ်စားဆင်ယင်မှုများနှင့်အတူ ဟိတ်ဟန်ရှိလှသည့် ထိုအမျိုးသမီးကို ဘယ်အမျိုးသားများမှ ချဥ်းကပ်ခြင်းမျိုးမပြုလုပ်ရဲပေ။ကတ္တီပါ ဖိနပ်ပါးကို သာ ဝတ်ဆင်တဲ့ ထိုအမျိုးသမီး ၊ အနားသို့ ကပ်လိုက်လျှင်လည်း ပန်းပေါင်းစုံရနံ့မှ ထုံသင်းမွှေးလှသည်။ မည်သူ၏ အားကိုးမှ မယူသည့် ြဖစ်သည့် ထို အမျိုးသမီး မှာ ကားလည်း ကိုယ်တိုင်မောင်း၏။

သူမ ၏ ကားမှာ landcruiser 2018 ဖြစ်ကာ မှန်များမှ အစ အကုန်အမည်းရောင်ဖြစ်သည်။ နေ့လယ် စာထွက်စားရန် ကားအနားသို့ အသွား သူမကားရှေ့တွင် ပိတ်ရပ်ထားသည့် ကားကြောင့် လွန်စွာ ဒေါသပုန်ထလာတော့သည်။

အန်တီရဲ့ ကြယ်(Completed )Where stories live. Discover now