"နှင်းတွေလည်း ကျနေပြီ
ဒီဆောင်းမြောက်လေ မြူးသည်
အခုတော့သိပြီ ပျို့ကို ကိုယ်ချစ်သည်"***
"အရင်တနေ့က သူ့မျက်နှာ တွေ့လိုက်ရသည် " သီချင်း သံထွက်လာသည့် cd playerအား ပိတ်လိုက်သည့် ကြည်လွင်ဖြူ။
"ဘာလုပ်တာလဲ .."
သူနားထောင်နေသည့် သီချင်းအားပိတ်လိုက်သည့် အပေါ်ဦးခန့်ညားအောင် ပေါက်ကွဲသွားတော့သည်။
"ပျိုမြင့်မြတ်ချယ်ကြောင့်လား ....အခုထိ ဒီခေါင်းလောင်းလေးကို မြည်လို မပြီးနိုင်သေးဘူးလား ။ သမီးလေး မျက်နှာတောင် မကြည့်တော့ဘူးလား "
ထို စကားကြောင့် ထနေရာမှ ထရင်း ဇနီးဖြစ်သူ၏ မျက်လုံးများကို စေ့စေ့ ကြည့်လိုက်သည်။
"မဆိုင်တဲ့ သူတွေကို ဆွဲမထည့်ဖို့ အမြဲ ပြောလေ့ရှိတာကို သတိထားမိမယ်ထင်တယ်" ဟု ဆိုကာ ထိုအခန်းထဲ မှ ထွက်ရန်အပြင်။
"ကွာရှင်းကြရအောင်..."
ကြည်လွင်ဖြူထံမှ ထွက်လာသည့် စကား ကြောင့် ဦးခန့်ညားအောင် ခြေလှမ်းများရပ်တန့် သွားသည်။
"ကလေး ကစားစရာမဟုတ်ဘူး "
"ဒါဖြင့်ရင် ကိုကို ပျော်အောင် ဖြူ ဘာလုပ်ပေးရမလဲ ၊ လူကသာ ဖြူဆီမှာ စိတ်က အဲ့မိန်းမ ဆီမှာ ...ဖြူ့ နေရာက နေလည်း ကိုကို ဝင်ကြည့်ပါဦး သမီးလေးက မကြာခင် ဆယ်ကျော်သက် အရွယ်ဖြစ်တော့မယ် သူ့ မိဘတွေကို ရန်ပွဲကို နေ့တိုင်း ကြည့်နေရတာထပ်စာရင် မိဘတွေကွဲနေတာကမှပိုကောင်းပါ့ဦးမယ်"
" စကားကို လွယ်လွယ်မပြောနဲ့ ...စကားကို လွယ်လွယ်မပြောနဲ့ ။ ပြီးတော့ ချယ် နဲ့ ဘာမှမဆိုင်ဘူး "
"လာပြန်ပြီ ဒီ ချယ် ချယ် နဲ့ ...အမြဲ ပျို မြင့်မြတ်ချယ်ပဲ ။ ဖြူ လေ သူ သေသွားရင် ကောင်းမှာပဲ အမြဲ တွေးမိတယ်"
"ကြည်လွင်ဖြူ"
ကြည်လွင်ဖြူ စကားကြောင့် ဦးခန့်ညားအောင်အော်ဟစ်လိုက်သည်။
"ကိုကို ...ဖြူ ကို အော်တယ်လား "
"မင်းကွာ...." ဟု ဆိုလျှက်စားပွဲပေါ်ရှိ ပန်းအိုးအား ခွဲချလိုက်သည်။